နွေးတို့ မင်္ဂလာပွဲလေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဂျူလိုင်လ ၅ ရက်နေ့ မှာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါတယ်....
မနက် ၁၀နာရီ မှာ လက်မှတ်ရေးထိုးခြင်းကို Jurong Spring Community Club မှာ ပြုလုပ်ခဲ့ပြഊဧည့်ခံပွဲကို Sakura Restaurant (Orchard) မှာကျင်းပခဲ့ခြင်းဖြစ်ပါတယ်...
မင်္ဂလာဆောင်ခါနီးကတည်းက တဖွဖွမေးနေတဲ့ ကိုကြီးဖိုးစိန် နဲ့ ကျန်တဲ့ အကို၊ အမ များရော
ဆုတောင်းပေးကြတဲ့ မောင်နှမ များရော... မအားမလပ်တဲ့ကြားက ကိုယ်တိုင် တက်ရောက်လာခဲ့ပေးကြတဲ့
အကိုကြီး ကိုသီဟသစ်၊ ကိုတောင်ပေါ်သား ၊ ကို ဂျပန်ကောင်လေး၊ မမ မိုးခါး...ပြီးတော့
ဦးဦးဖျားဖျား ဘလော့ပေါ် တင်ပေးခဲ့တဲ့ မောင်လေး အဆိပ်ခွက်...တို့ အားလုံး အားလုံး ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့ ...
ညီ + နွေး
လက်လှမ်းမှီရာ အကို အမ များအားလုံးကိုဖိတ်ခဲ့ပေမယ့်... မအားမလပ်လို့ မလာနိုင်ကြတဲ့ မောင်နှမတွေ
သူငယ်ချင်းတွေ အတွက် ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ရှင်....
အကိုကြီး ကိုသီဟသစ်၊ ကိုတောင်ပေါ်သား ၊မမ မိုးခါး.မောင်လေး အဆိပ်ခွက်..တို့ နှင့်
ဒါက .ကမန်းကတမ်းပြန်သွားတဲ့ ပန်ပန် မပြန်ခင်လေး ...း-)
ကိုကြီးဖိုးစိန်မှာတဲ့ဖိတ်စား-)
တတို့ တားနဲ့ တတို့ တမီး..း-P
း-)
လက်မှတ်ထိုးချိန်
ပြုံးနေတဲ့မျက်နှာကြီးမြင်မှာစိုးလို့ နောက်ကရိုက်တဲ့ပုံပဲတင်ပေးလိုက်တယ်..ဟီးး
ဒါက ...အလှပြင်ဆိုင်မှာ...
ညနေခင်းအလှ...း-P ..
မထင်မှတ်ပဲ လက်ဆောင်ရလိုက်တဲ့ပန်းစည်းလေးနဲ့ ..း-)
စာကြွင်း :ဘလောဂါ မောင်နှမ တွေ ပေးတဲ့လက်ဖွဲ့ ကို သူတို့ သားက အရမ်းနှစ်သက်ပြီး တဖွဖွ ပြောဖြစ်နေပါတယ်..ရှင်... ပြီးတော့ အကြွေး...စာရင်းရှင်းတမ်းလေးကတော့
နှစ်ယောက်တအိပ်မက် စီးပွါးဖြစ်သွားပြီမို့ ကျေအေးလိုက်ပါကြောင်းးးး....း-)
အားလုံးကိုကျေးဇူးတင်စွာဖြင့်....
ကဏ္ဍ - Our Wedding
အားကျပျော်ရွှင်စရာကောင်းတယ်နော်..း)
မမတောင်ထပ်အားကျသွားတယ်. အဟတ်
ကိုယ်မင်္ဂလာဆောင်တုန်းက အချိန်လေးကို ပြန်သတိရ
လွမ်းသွားတယ်..
လိုက်ဖက်ညီတဲ့ စုံတွဲလေ.. တသက်လုံး မခွဲမခွါပဲ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပြီး ပျော်ရွှင်ဖွယ်
မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ ညီမလေးရေ.
မမရေးထားတဲ့ပို့စ်ဖတ်ပြီး လန့်မသွားနဲ့နော်..
ကလေးလေးမွေးနော်..နာဘူး.. အလကားပြောတာ..း))
ချစ်တဲ့
မမ၀ါ
လိုက်ဖက်ညီသော မောင်နှံလေး စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ဘ၀ခရီးကို အောင်မြင်ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ
ခင်မင်စွာဖြင့်
သီဟသစ်
အကြွေးစာရင်းတွေ ချေလိုက်ပြီဆိုတော့ရေးတော့ပါဘူးကွယ်
သတို့သားက တကယ်ကျေကျေနပ်နပ်နဲ့ ချေလိုက်တာလား
နောက်မှပြန်မတောင်းရဘူးပြောလိုက်
သက်ဆုံးတိုင် ရွှေလက်မြဲမြဲတွဲနိုင်ကြပါစေ...
ဧရာသီတာ
ပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို တည်ထောင်နိုင်ပါစေ နွေးရေ... :)
မောင်လေးနဲ့ညီမလေး ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင် နဲ့ ရွှေလက်များထာဝရ မြဲပါစေနော်။ နှစ်ယောက်လုံးချောတယ် ညီမလေး။
ပျော်စရာပွဲလေးဘဲနော်။
နောက်လဲ လာလည်မယ်နော်..
so sweet
မသိလိုက်ဘူး ဖြစ်သွားတယ်။
မသိလိုက်တာလည်း ကောင်းသွားတယ်။
မဟုတ်ရင် မလာနိုင်လို့ စိတ်မကောင်းဖြစ်ရအုံး
မယ်။
ညီလေးနဲ့ ညီမလေး ပျော်ရွှင်စရာကောင်းတဲ့
ဘဝလေးကိုပိုင်ဆိုင်ပြီး တူနှစ်ကိုယ် တိုင်းပြည်လေး
မှာအပူအပင်ကင်းကင်းနဲ့ ဘဝကို ဖြတ်သန်းနိုင်
ပါစေလို့ ကိုရီနို ဆုတောင်းပေးလိုက်တယ်။
တကယ်ကို လိုက်ဖတ်တဲ့ အတွဲလေးပါ။
အရာရာ အဆင်ပြေပါစေနော်
ကိုရီနို
ယနေမှစ နှစ်ပေါင်းများစ္ဂာ တိုင်အောင် ပျော်ရွှင် ချမ်းမြေ့
စရာ နှစ်မွှာသော အသည်းလေး တစ်စုံ သည် ရွှေလက်ကို ခိုင်ခိုင်တ္ဂဲ လို့ အနာဂတ်မေတ္တာချစ်ခရီးလမ်း မှာ သာယာအေးမြသောနှလုံးသားများကို ခုံမင်မြတ်နိုးရင်း
ကြည်နူးစရာ အတိပြီးသည့် နေ့ရက်တ္ဂေထဲကို ပန်းခင်းရင်း လျောက်လှမ်း နိုင်ကြပါစေလို့ ...
မဂ္ဂင်္လာ စကားချွေရင်း..Congratulation again!!! Today is the happiest and the most excited day for you and your beloved one ....Enjoy ...
အားကျလိုက်တာ
ညီနဲ့ ညီမ တူလက်တွဲ မခွဲကြေးနော်
ကိုကြီး ရင်နဲ့ အမျှ ဆုတောင်းပေးပါတယ်...
အမြဲထာဝရ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ
ချစ်တဲ့
ဖိုးစိန်
ပွဲလေးပါပဲ...။ထာဝရ ပျော်ရွှင်နိုင်ပါစေ...။
ဝမ်းသာပါတယ် မမနွေး :D
တကယ် နှစ်တစ်ရာတိုင်ပါစေ
ီညီမလေးနွေးနွေးတို့၏ ကြင်စဦးဇနီးမောင်နံ အိုအောင်မင်းအောင် ပေါင်းကြရပါစေ....
ဘ၀ရီးတလျှောက် ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်နှက်နေပါစေ....
အလိုရှိတိုင်း ပြီးပြည့်စုံပါစေဗျာ...
အလာနောက်ကျသွားတဲ့အတွက် စောရီးညီမလေးရေ...
အလုပ်တွေများနေလို့...
ပြည့်စုံ (ဝေါသားလေး)
အိုအောင်မင်းအောင် ပေါင်းကြရပါစေလို့ ဆုမွန်ကောင်း တောင်လိုက်ပါတယ်နော်..
(၅) ရက်နေ့က ecard လေးပို့ထားသေးတယ်.. Wedding Wish လေး ပါ..း)
ချစ်ခင်စွာဖြင့်..
ဦးနော်၊ တီငယ်
ညီမလေးနဲ့ မောင်လေးတို့ရဲ့ မင်္ဂလာရက်မြတ်မှသည် သာယာလှပသော အိမ်ထောင်လေးအဖြစ် ထာဝရ သက်ဆုံးတိုင် လက်တွဲသွားနိုင်ပါစေ .... လို့ မရောင်ဆုတောင်းလိုက်ပါတယ်။
ခင်မင်လျှက်
မေတ္တာရောင်ပြန်
ပျော်ရွှင်ချမ်းမြေ့ပါစေ
ဒီမင်္ဂလာမှသည် နောင်နှစ်ပေါင်း ထောင်သောင်းမက တည်စေသောဝ်...................။
ချစ်ခြင်းအယူသင်္ချေမှာ
အမုန်းမြူတွေဝေးလို့
သံယောဇဉ်တေးထပ်နဲ့
တစ်သက်မခွဲနိုင်
တစ်ယောက်လက်တစ်ယောက်ဆွဲကိုင်လို့
ဆွယ်တော်လိုဘ၀များစွာ
နှစ်လွှာအသည်းပန်းဆင်မြန်းရင်း
ညီနဲ့ညီမ ရာသက်ပန်မြဲခြင်းကိုလျှောက်လှမ်းနိုင်စေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
စတာပါဟာ..။
ကွန်ကရက်ကျူလေးရှင်း သူငယ်ချင်း..။
အားကျလိုက်တာဟာ.. ဟီးး
တစ်သက်တာထာဝရ.. ပျော်ရွှင်အဆင်ပြေ ပြီး.. သာယာသော မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေလို့ . .. ဆုတောင်းပေးလိုက်ပါတယ် သယ်ရင်းရေ..။ အသိနောက်ကျသွားတာတော့ခွင့်လွှတ်စေချင်တယ်..။ အခုတောင်သူများပြောလို့ သိတာ.. ဟီး..။
အမြဲထာဝရ ပျော်ရွှင်နိုင်ပါစေ
ဒီစုံတွဲ အိုအောင်မင်းအောင် အသက်ထက်ဆုံး အတူတကွ နေနိုင်ပါစေ
ယနေ့မှ နှစ်တရာတိုင်ကွယ် :D
ဆန္ဒတွေတထပ်တည်း ကျနိုင်ပါစေနော်
ဆုတောင်းပေးချင်တာတော့ အများကြီးပဲ
မတောင်းတတ်တော့ဘူး
အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ နွေးရေ
ချစ်တဲ့