ခံပြင်းနာကျဉ်းတတ်လာတဲ့အခါ….
အလွမ်းဟာ နင့်နင့်သီးသီး ငိုရှိုက်တယ်…
မလွမ်းကောင်းပေမယ့်…လည်း
ငါဟာ နင်ရင်းနီးဖူးခဲ့တဲ့ ပန်းပွင့်တွေအကြောင်းတောင်
စာလုံးပေါင်း ကောင်းကောင်းမတတ်ခဲ့တဲ့
ကောင်မလေးတယောက်ပါ
ငတ်မွတ်ခေါင်းပါးလာတဲ့
သည်းခံနိုင်စွမ်းတွေကို မြိုချရင်း
ပျောက်လုဆဲဆဲ လမ်းတွေ အကြောင်း
ငါဟာစာ,တစ်လုံးချင်းပေါင်းခဲ့ရတယ်...
ငါ မြတ်နိုးခဲ့ဖူးတဲ့ ခြေဖမိုးလေးတစုံထက်....
အသံထွက်မဲ့ မျက်ရည်တစက် သက်ဆင်းခဲ့တယ်...
သည်းသည်းထန်ထန် မငိုကြွေးတတ်ပေမယ့်...
ဒါဟာ...
ပေါ့ပျက်ပျက် မျက်ရည်တစက် မဟုတ်ခဲ့ရပါဘူးကွယ်....
အတိုင်းအဆ မဲ့စွာ မျှော်လင့်ခဲ့ဖူးတဲ့ချစ်ခြင်းတစ်ခု အတွက်....
ငါ့ရင်ဘတ် လက်ယက်ကျင်းလေးထဲ
အလွမ်းတွေ စိမ့်စိမ့်ပြီး စီးဆင်းတယ်...။ ။
ကဏ္ဍ - ကဗျာ
12 Comments:
Subscribe to:
Post Comments (Atom)
သည်းခံနိုင်စွမ်းတွေကို မြိုချရင်း
ပျောက်လုဆဲဆဲ လမ်းတွေ အကြောင်း
ငါဟာစာ,တစ်လုံးချင်းပေါင်းခဲ့ရတယ်...
စာသားတ္ဂေကတော့ မိုက်တယ်ဟေ့
္ဂကောင်းလိုက်တာ....
ခင်မင်လျှက်
အဆိပ်ခွက်
ဂျပန်မေးသလိုပဲမေးချင်တယ်
ခင်မင်စွာဖြင့်
သီဟသစ်
အလွမ်းတွေ စိမ့်စိမ့်ပြီး စီးဆင်းတယ်...။
အတင်းအကျပ် တိုးဝင်စီးနေတဲ့ အလွမ်းတွေလား.. မသိနိုင်တော့..။ ရင်ဘတ်ကလေးမှာ အလွမ်းတွေ ပွက်ပွက်ဆူ နေပုံလေး မြင်မိတယ်။ ကောင်းတယ် မနွေး။
နဂိုကမှ မျက်ရည်မခိုင်ပါဘူးဆိုနေမှ
ခုတော့ ရွှတ် ဖတ်
အဲဒါနှပ်
အဟီးးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မဂလဆ မပြီးသေးဖူးလားဟင်
သည်းခံနိုင်စွမ်းတွေကို မြိုချရင်း” စာသား လေးကို ဘယ်လို ခံစားချက်မျိုးနဲ့ အစ်မရေးထား တယ်ဆိုတာ မသိပေမယ်. ကျွန်တော် အတွေးနဲ့ ကျွန်တော်အတွက် အရမ်းခံစား ရတဲ့ စာသား လေးပါ.။
အားပေးလျက်
သေသေချာချာခံစားကြည့်တော့ မျက်ရည်ဆိုတာထက်..
ရင်ဘတ်အသံထွက်ခဲ့ရတဲ့ နာကျင်ကြေကွဲမှု..
အရာရာတိုင်းမှာ အတိုင်းထက်အလွန်တွေအတွက်..
အလွမ်းသက်သက်တွေဘဲ...
အဲဒီ့ရင်ဘတ်ကျင်းထဲမှာ..
ဘ၀တစ်သက်စာ...။
ကဗျာလေးကို နှစ်သက်စွာခံစားသွားပါတယ် ညီမ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
နာကျည်းမှုတစ်ခုဘက်လှည့်နေသလိုပဲ...။
စိတ်ထင်ပါ