အတိတ်
ပြန်တွေးမိတိုင်းအေးစိမ့်စိမ့် အမှောင်ခန်းတခုလို
ခြောက်ခြားဖွယ်ရာအတိ
ရသပေါင်းစုံအားဖြင့်လည်း နာပျော်ဖွယ်ရာဘာတခုမှမရှိခဲ့ဘူး
ကဲ မေ့ပစ်လိုက်ကြစို့ 
ကိုယ့်ကိုကိုယ် မြွေတကောင်အဖြစ်ခံယူရင်း
အရာရာ အရေခွံလဲ…
အဲ့ဒီ သွေးချင်းချင်းနီ ခဲ့တဲ့ အခန်းတွေကိုတော့
တံခါးအလုံ ချိတ်ပိတ်
ဘယ်သောအခါမှလဲ ပြန်လှည့်မကြည့်တော့ဘူး
အဲ့ဒီအခိုက်အခါက ငါ့အတ္တတွေလေ..
ကြောက်မက်ဖွယ်ရာ ကြွေ ကြွေ ကျ
တစချင်း တစစီ
ခြေချစရာ မြေတစ’တောင် မကျန်တတ်ခဲ့..
မြင်မြင်ကရာ ပြက္ခဒိန်များ
တချို့ တ၀က်အားပြာချ
တချို့ တ၀က်ကိုမြေမြှုပ်သဂြိလ်ပစ်ခဲ့ပြီ..
………
ပြန်လွမ်းပြန်သိ တမ်းတမိသူအရှုံး
အဲ့ဒီ ခါးခါးသီးသီးသက္ကရာဇ် တခုအတွက်နဲ့ တော့
နောက်တခါ ထပ်မရှုံးစေရတော့ဘူး
ကလဲ့စားချေတယ် ဆိုတာ
ငယ်ငယ်တုန်းက ကစားခဲ့တဲ့
ဒေါ်လီအရုပ်မလေးနဲ့ အတူတူပါပဲ
အခုတော့ ထိရမှာတောင် ပျင်းတယ်…
နာကျဉ်းစရာတွေလဲ မနာကျဉ်းတတ်စေဖို့ 
ဒီ သက္ကရာဇ် တခုကိုဖြိုချ မယ်
ငါ့ ရာဇ၀င်ထဲ
ခွင့်လွှတ်တတ်ခြင်းတပေါက်တလေလောက်
ဖေါက်ချထားခဲ့မလို့ 
တွေ့ တယ်မှတ်လား
ချစ်တတ်ခြင်းတခုမွေးမြူဖို့ 
ငါဘယ်လောက်ရင်းနှီးခဲ့ရသလဲ တဲ့ 
အဲ့ဒီ သူ့ ရင်ခွင်ထဲ
ခံစားချက်တွေ နှလုံးသွေးတွေ တစက်ချင်းခြွေချ
ဟော့ဒီ ငါ့ခေါင်းပေါ်က သရဖူတခုနဲ့ သာ
အမိအရလဲခဲ့ရ…
ဒီလမ်းတွေ ဆက်လှမ်းဖို့ လမ်းပြမြေပုံလဲ
ငါကိုယ်တိုင်ပဲ မီးရှို့  ပစ်ခဲ့ပြီးမှတော့
ကဲ ၂၀၀၈ ရေ…
ငါနဲ့ အဝေးဆုံးမှာသာ ချန်ရစ်တော့…။ ။
ကြောက်မက်ဖွယ်ရာ ကြွေ ကြွေ ကျ
တစချင်း တစစီ
ခြေချစရာ မြေတစ’တောင် မကျန်တတ်ခဲ့........
နာကျဉ်းစရာတွေလဲ မနာကျဉ်းတတ်စေဖို့ 
ဒီ သက္ကရာဇ် တခုကိုဖြိုချ မယ်
ငါ့ ရာဇ၀င်ထဲ
ခွင့်လွှတ်တတ်ခြင်းတပေါက်တလေလောက်
ဖေါက်ချထားခဲ့မလို့ ......................
ကောင်းလိုက်တဲ့ေ၇းချက် တကယ်ထိတယ် ညီမလေး......