တခါတလေ ငါဘာကိုမှ မသိချင်ဘူး…
မသိခြင်းဟာ အလှပဆုံး အဖြူရောင်တခု ဖြစ်ခဲ့ဖူးတယ်...
 
မေတ္တာတရားဆိုတာ တချိန်တခါက …
နင်ကြားခွင့် မရလိုက်တဲ့ ခေါင်းလောင်းသံတခုဖြစ်တယ်…
ဘုရားမှာကပ်လှူခဲ့တဲ့ နေ့ သင့်နံသင့်ပန်းတွေ နဲ့ … ရေချမ်း ၂၂ခွက်ဖြစ်တယ်…
 
တယုတယ မက်ခဲ့တဲ့ အိပ်မက်တွေ အပြန်ခရီးမှာ…
ငါ့ရဲ့ တမြတ်တနိုးတွေဟာ နင့်ရဲ့ အမှုမှတ်မဲ့တွေ ဖြစ်ခဲ့ပြီး…
ငါ့ရဲ့ အမှတ်တမဲ့တွေကသာ နင့်ရဲ့ အမှတ်ရမှုတွေ အဖြစ်
တရားမမျှတစွာ သက်သေဖြစ်ခဲ့…
 
“နင်ဟာ ငါ့အနာဂတ် ဖြစ်တယ်… “
အတိအကျ ထပ်ပြောရရင်… နင်ဟာ ငါ့မနက်ဖြန်တွေ ထဲက ပျောက်ကွယ်သွားခဲ့တဲ့…
ငါ့ရဲ့  မနေ့ က အနာဂတ်တခု ဖြစ်တယ်… ။ 

;;