ကျန်းခန့် သာလို့ မာပါစရှင်...(မိုးလေ ၀သကြေငြာမလို တော့မဟုတ်ပါဘူး... :-P )
တဖွဖွမေးနေတဲ့ မမတွေ၊ညီမလေးတွေ အတွက်ပါ...တင်ပေးချိန်နောက်ကျသွားလို့ ..ဆောတီးပါရှင်...း-)
စုံအောင်တင်ပေးပါ့မယ်...ဖြည်းဖြည်းကြည့်ကြနော်...

မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ...


ဒါကတော့ ကျေးဇူးတင်လွှာပါ...


ဒါတွေက... အလှပုံတွေ...လှမလှတော့သိဝူး... :-P 
  
  
  
ဒါက Summit Parkview ပွဲကပုံတွေပါ...


 





မင်္ဂလာညစာစားပွဲ...




ကဲ...ဒီလောက်ဆို ညီမလေးတွေ ကျေနပ်လောက်ပါပြီနော်... သူငယ်ချင်းတွေနဲ့ 
ဆွေမျိုးတွေပုံတွေကတော့Facebook မှာအကုန်တင်ပေးထားပါတယ်...နော်...

နွေး အတွက် ၂၀၁၀ Valentine's Present အဖြစ်ရလိုက်တဲ့ မင်္ဂလာပွဲတခုပါ...း-) 
အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင်...


တိမ်ပုံပြင် အမှတ် ၁

နွမ်းနယ်စွာ လှမ်းလာခဲ့သောခြေလှမ်းများသည်..တိုက်ခန်းတံခါးဝ တွင်ရပ်တံ့သွားခဲ့သည်... သော့ကိုဖွင့်၍ အခန်းထဲကိုအ၀င်.. ကျမ အခန်းတံခါးဝတွင် စာတစောင်ကစောင့်ကြိုနေသည်...
" နယ်တာကီ အစ်စ်လက်တာဖေါ်ယူ "
အိမ်ရှင်တရုတ်မ၏အနောက်မှ လှမ်းအော်သံကိုကြားရသည်... ကျမဖေဖေ အမှတ်တနိုးပေးခဲ့သော နွယ်သာကီ ဆိုသော ကျမ၏ အမည်နာမကလေးသည်...သူခေါ်မှ တာကီတာကီနှင့်ကြက်ဆင်လိုလိုဘာလိုလိုဖြစ်နေသည်...
" Yes,Thank u"
တံခါးလက်ကိုင်ပေါ်မှစာကိုအမှတ်တမဲ့ဆွဲယူ၍ အခန်းတံခါးဖွင့်၍ ၀င်လာခဲ့သည်...
တနေ့ တာလုံး ပင်ပန်းလှစွာသော ကျမ မျက်လုံးတွေ ၊ခြေထောက်တွေကို အနားခဏပေးလိုလှပြီ...
အကျီ င်္မလဲ ခြေအိတ်မချွတ်မိပဲ..အိပ်ရာပေါ်ပစ်လှဲချလိုက်မိသည်...အိမ်မှာသာဆို မေမေ သို့ မဟုတ်အဖွားမှ အတင်းဆွဲထူ၍ အကျီ င်္လဲ ထမင်းစားရန်ပြောမည်ထင်သည်..
အခုအခန်းငယ်ထဲမှာတော့ ကျမတယောက်တည်းမှလွှဲ၍ ဘယ်သူမှ မရှိ...တယောက်တည်းနေခဲ့ရချိန်တွေသည် အထီးကျန်သလိုခံစားရပေမယ့် ထိုလွတ်လပ်မှုမျိုး ကို
ကျမ ကိုယ်တိုင်အနည်းငယ်ကျေနပ်နေသလိုခံစားရသည်...
တပတ်တွင် ၂ရက်အားလပ်ရက်တိုင်း ကျမအပြင်ထွက်လေ့မရှိ... ကော်ဖီတခွက်နှင့် စာအုပ်တအုပ်ကိုင်၍နေချင်နေမည်...သို့ တည်းမဟုတ်.. အမိနိုင်ငံမှ သူငယ်ချင်းများဆီဖုန်းဆက်စကားပြောမည်..
ဤနိုင်ငံ၏ HDB လောအရ...ည၁၀နာရီမကျော်ခင်တော့ ကျမ၏တခုတည်းသော အဖေါ် ဂစ်တာတလက်နှင့် သီချင်းတိုးတိုးညည်းနေနိုင်သည်...
မျက်လုံးနှစ်ဖက်ကို စုံမှိတ်ထားလျှက်...မတွေးသင့်သော အလုပ်အကြောင်းတွေက ခေါင်းထဲရောက်လာပြန်သည်...
ဒီတပတ်အတွင်း ရုံးမှာမည်သူမှတာဝန်မယူလိုသော
Customer နှင့် Presentation တခု လုပ်ရန် ကျမတာဝန်ယူနာမည်ခံခဲ့ရသည်...
မန်နေဂျာတဖြစ်လဲ ကျမစီနီယာ ဂျပန်မလေးက ကျေးဇူးပါပဲ...ဟုထပ်တလဲလဲပြောသံကို ကျမပြောနေကျအတိုင်း

“Welcome, It's my honour" ဟုသာ တုံ့ ပြန်မိခဲ့သည်..သို့ သော် ကျမအိပ်ခွင့်မရသည်မှာ ၂ညခန့် ပင်ရှိတော့မည်...
ပူပန်တတ်သောအကျင့်သည်မကောင်း...
ကျမတွင်မကောင်းမှန်းသိလျက်မစွန့် ပစ်နိုင်သေးသော အကျင့်ပေါင်းများစွာရှိလေသည်...

တမှေးခန့် အိပ်ပျော်သွားခဲ့ပြီး...ကျမပြန်နိုးချိန်သည်..ည၈နာရီခန့် ပင်ရှိလေပြီ... ညစာအတွက်တခုခုစီစဉ်ရန်လိုအပ်နေသေးသည်...
အရန်သင့်ပြုတ်စားနိုင်သော ခေါက်ဆွဲခြောက်တထုပ်ကို ကျမအစာအိမ်အတွက်အပူတပြင်းရှာဖွေရန်အိပ်ရာမှအထ...ခေါင်းရင်းမှစာအိတ်ကို ကျမအမှတ်ရလိုက်မိသည်..
ကလောတွင်တာဝန်ကျနေသော သူငယ်ချင်းခွါညိုဆီကစာပဲဖြစ်လိမ့်မည်..ကျမဆီစာတတန်ပေတဖွဲ့ ရေးတတ်သူမှာ သူသာလျှင်ရှိသည် ... သူ့ နှင့်လဲ စာအဆက်အသွယ်ပဲရနိုင်၍ပင်...
တချိန်တုန်းကတော့ အမိတက္ကသိုလ်မှာ...နွယ်၊ခွါညို၊ ယုယနှင့် သက်နှင်းဟူသောခွဲမရအောင်ချစ်သည့်ကျမတို့ သူငယ်ချင်း
လေးယောက် အလွန်လက်တွဲညီခဲ့ကြဖူးသည်...အခုတော့လည်း တယောက်တနေရာဆီ၊ တကွဲတပြားဆီ…..
ငါလိုချင်တဲ့ ပညာရပ်တွေသင်ပြီးရင် မေမေနဲ့ ပဲ အတူတူ အေးအေးချမ်းချမ်းပြန်နေမှာဟု တချိန်က သူငယ်ချင်းတွေကို ပြောခဲ့ဖူးသည်…
အခုတော့ ကျမ တကယ်မပြန်ဖြစ်ခဲ့တော့ပြီ….

စာအိတ်ပေါ်မှ လက်ရေးသွယ်သွယ်တွေ ကိုတွေခနဲ စိုက်ကြည့်နေမိသည်....အစောတလျှင် စာအိတ်ကို ဖေါက်လိုက်မိသည်…
စာအိတ်ထဲ မှာက ဘာစာမှ မပါ… ကျမ အင်မတန် မုန်းသော မဟော်ဂနီရောင်နှင့် ပိုစ့်စကဒ် တရွက်သာပါသည်…

“မောင်..”

ထိုအသံထွက် ၏နောက်တွင် ကျမ ဘ၀အရှုံးများကို ထပ်တခါ ပြန်ခံစားမိလိုက်ရသည်…
အဲ့တာ ဘယ်သူလဲ ဟု ယခင်ရုံးသို့ ပို့စကဒ်တစောင်ရောက်လာစဉ်က လုပ်ဖေါ်ကိုင်ဖက်တယောက်က မေးဖူးသည်…
မေ့ထားခဲ့ပါလျှက်နှင့် မေ့မသွားခဲ့ နိုင်သော နာကျဉ်းမှုတမျိုးနှင့် အတူ အသံထွက်တခုကို တုံ့ ပြန်မိခဲ့သည်…

“ သြော်..သူလား.. ကျမနှင့်တစက်မှ မတန်တဲ့ သာမာန် ပျော့ညံ့ညံ့ ယောင်္ကျားတယောက်ပါ.. “

ထိုပို့ စကဒ်တစောင်ကြောင့် ကျမထိုအလုပ်မှ ပြောင်းပစ်ခဲ့ခြင်းဖြစ်သည်… အခုရော ကျမ အိမ်လိပ်စာအထိရောက်လာ၍ စိတ်အနှောင့်အယှက်ပေးနေသည်မှာ တဆိတ်တော့ လွန်လွန်းပြီထင်သည်…
နေ့ ရက်တရက်၏ ပုံရိပ်ရောင်တွေ မျက်လုံးထဲသို့ ပြန်လည်ပြေးဝင်လာသည်…
ကျမ ကိုယ်ကျမ ပျော့ညံ့သူ တယောက်အဖြစ် ဘယ်တုန်းကမှ မထင်မိခဲ့ချေ….ထိုနေ့ ရက်မတိုင်မှီအထိဖြစ်ခဲ့လေသည်…
ကျမနှင့် သူနှင့်ကြား အတားအဆီး အနှောင့်အယှက် သိပ်များခဲ့ သော်လည်း ကျမက အဖြစ်အပျက်အားလုံးကို နားလည်စွာ လက်ခံနိုင်ခဲ့သည်… တခါက ချစ်သူ ဘ၀ကတည်းက အမေ မပါလျှင်စကားမပြောတတ်ခဲ့သော သူ့ ကို ကျမက ကလေးတယောက်စကားကို နားထောင်နေသူတယောက်နှယ် ကျေနပ်စွာ ပြုံးကြည့်နေခဲ့ဖူးသည်… တကယ်အရည်အချင်းရှိသော သူ့ အမေ ကို ကျမ လေးစားခဲ့သည်..
သို့ သော် စိတ်ဝင်တစား အလေးတော့မထားတတ်ခဲ့ …မလိုအပ်ခဲ့ ၍လည်းဖြစ်မည်ထင်သည်…
ရွေးချယ်စရာ အခွင့်အရေး များစွာရှိသည့်အနက်မှ ကျမ သူ့ ကိုချစ်သူအဖြစ် ရွေးချယ် ခဲ့သည်…
ဖြစ်နိုင်လျှင် ငယ်ဘ၀၏ ရင်ခုန်သံ တခုကို အပြစ်တင်မိချင်သည်… သူသည် ကျမ အထင်ကြီးစရာ အရည်အချင်း တခုမှ မရှိခဲ့ သော သာမာန်ဘော်ကြော့ယောင်္ကျားတယောက်ပင်ဖြစ်သည်… တခါတလေ မဂ္ဂဇင်း စာအုပ်တချို့ ထဲက စိတ်ကူးထဲ က ချစ်သူပုံရိပ် ဟူသော စကားလုံးကိုတွေ့ လျှင် မျက်စိစုံမှိတ်ခေါင်းကို ရမ်းခါရင်း ကျမပြုံး မိသည်…

ကျမကိုယ်တိုင်ကလည်း သာမာန်အတ္တကြီးသော ၊ အယုံကြည်လွယ်သော ခပ် အအမိန်းမတယောက်ဖြစ်ခဲ့ဖူးပါသည်…
သို့ သော် ကျမကတော့ ဘ၀၏ အကြောင်းအရာတချို့  ၊ အချိန်တချို့ ကို သီးသန့် ဆီ ခန့် ခွဲ အသုံးချနိုင်ခဲ့သော…
လွန်ခဲ့ သော ငါးနှစ်ခန့် က သူ့ ကို ကျမပြောပြခဲ့ဖူးသော ရည်မှန်းချက်တချို့ တ၀က်ကိုလက်ဝယ်ရယူထားနိုင်သော “ နွယ်သာကီ “ ဆိုသောကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအပြည့်နဲ့ မိန်းမ တယောက်ဖြစ်နေခဲ့လေပြီ…

တချိန်က အပြုံး ချိုချို မျက်နှာကျခပ်လှလှ နှင့် အမျိုးသမီးကြီးတယောက် ကျမရှိရာ နေရာသို့ အလည်လာခဲ့ဖူးသည်…
အဖွါးဖြစ်သူကို ပြန်လိုက်ပို့ ရင်း နယ်သို့ ခရီးထွက်မည်ဟုပြောသော သူ၏ ကားပြာပြာလေးတစင်း ကျမဆိုင်ရှေ့လာရပ်သည်အထိ အဖြစ်အပျက်မှန်ကို ကျမ မဝေခွဲတတ်သေး… သူ၏ စိတ်ချမ်းသာမှုကို အလေးပေးတတ်ခဲ့သော ကျမ“ညံ့ဖျင်းမှု တခုကြောင့်… ဤအကြောင်းအရာတွေ ကို သူ ဘယ်သောအခါမှ သိနိုင်ခွင့်ရှိတော့မည် မဟုတ်ပေ…

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ။ ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိုးတိမ် တခုကို အမှတ်မထင် ကောက်ရခဲ့ပြန်သည်… လေယူလေသိမ်း အင်မတန်လှသည်… ကြင်နာတတ်သော မျက်ဝန်းများရှိသည်…
ကော်ဖီဆိုင်ထဲသို့ အ၀င် ထုံးစံအတိုင်း အနောက်ဖက်အကျဆုံးစားပွဲ လူတကာကိုကျောခိုင်းထားသော နေရာကိုယူဖြစ်သည်…
မျက်နှာချင်းဆိုင် နေရာမှ..ကျမ ကော်ဖီခွက်ဆီသို့ လှမ်းလာသော သူ့ လက်များကို ရည်ရွယ်၍ လက်ကာပြမိသည်…

“Sorry ကျမ သူများဖျော်ပေးတဲ့ ကော်ဖီကို မသောက်တတ်ဘူး…”

“ သြော်… Sorry ပါ.. “

ပြောရင်းက မျက်ဝန်းစိမ်းစိမ်း တစုံကိုသတိရမိသည်…တချိန်က သူ့ လက်နှင့်ဖျော်ပေးသော ကော်ဖီကိုမှ စွဲစွဲမြဲမြဲ သောက်တတ်သော စိတ်ရူးတချို့ နှင့် ကောင်မလေး တယောက်အကြောင်းကို သတိရသည်…
အလွမ်းသည်..ကော်ဖီဆိုင် ထောင့်စွန်းတွင်လည်း ပုန်းကွယ်နေတတ်သည်ပဲလား…

“နွယ်.. ကော်ဖီသောက်ပြီး ရင် ဒီဘက်နားမှာ ဓါတ်ပုံသွားရိုက်ရအောင်လေ..ရှုခင်းလဲ လှတယ်..အလင်းရောင်လဲကောင်းတယ်…
နွယ့်မေမေ နဲ့ အဖွါးဆီ ဒီလ ဓါတ်ပုံရိုက်မပို့ ရသေးဘူး မဟုတ်လား..”

တဆိတ်..သူခေါ်သော နွယ် ဆိုသည့်အသုံးအနှုန်းကို မုန်းလှသည်…ကျမ အမည်ထဲ မှ အမုန်းဆုံးစာလုံးတလုံးဖြစ်ခဲ့သည်..
နွယ် ဆိုသည့် သဘောကိုက သူတပါးကို မှီတွယ်ရှင်သန်နေရသည် မဟုတ်ပါလား…
“ ကီကီ “ ဟုထူးဆန်းစွာ ခေါ်တတ်သော ကောင်လေးတယောက်၏ အသံကို ပြန်ကြားယောင်နေသည်…

“ နွယ်..နွယ်..ကိုယ်ခေါ်နေတာကြာပြီ ဘာတွေစဉ်းစားနေတာလဲ..”
“ အဲ..ကျမ ဒီတပတ် ထဲ အပြီးတင်ရမယ့် Report တခုကို စဉ်းစားမိလိုက်လို့ ပါ..”

ယခင် မိုးတိမ် များလိုပင် သူမျက်နှာပျက်သွားပြန်လေသည်…ကျမ ကတော့ မျက်နှာမပျက်.. သို့ ပေမယ့် စိတ်တော့ ပျက်တတ်သည်သာ..

“ နွယ် ပြုံးလေ..ပြုံး..နွယ်က ပြုံးရင် ပိုလှတယ်…”

သူကပြောလေသဖြင့် ပြုံးရပြန်သည်.. မောင် ကရော.. ဟင့်အင်း မောင်ကဖြင့် ကျမကို ချောသည် လှသည်ဟု တခါမှ မပြောဖူးပေ…
ကီ့မျက်နှာလေးက လှတယ်လဲ မဟုတ်ဘူး…Charming ဖြစ်တာကွ သိလား…ချစ်ဖို့ ကောင်းတာ..ကီပြုံးနေရင် မောင် ရင်အေးတယ်…ဟုတော့ ပြောဖူးသည်ထင့်..

“နွယ် က ကျွန်တော်နဲ့ စကားပြောနေရင်း စိတ်တခြား လူတခြား ဖြစ်နေသလိုပဲဗျာ..”

“ ဘာ..” ကျမ အသံက လိုအပ်တာထက်ပိုကျယ်သွား သဖြင့် သူ့ မျက်ဝန်းများ ၀ိုင်းစက်သွားခဲ့သည်…

“ ကျမ ဒီမှာထိုင်ပြီးရှင်နဲ့ စကားပြောနေခဲ့တာပဲလေ.. ဘာတွေ လာပြောနေတာလဲ..ရှင်ကြောင်လှချည်လား..”

တကယ်တော့ သူလို လူကြီး လူကောင်းဆန်သော ယောင်္ကျားတယောက် ကို ကျမ ဒီလောက် ရိုင်းရိုင်း မတုံ့ ပြန်သင့်ပါ…
သို့ သော် သူပြောလိုက်သော စကားသည်..ကျမ အရှိုက်တည့်တည့် ထိမှန်ခဲ့စေ၍ ကျမ ၀န်ခံရန် အင်မတန်ရှက်သော…
စိတ်ခံစားမှု တခုဖြစ်နေ ၍ပင်… အမှန်တော့ ..ကြောင်နေသူမှာ ပျောက်ကွယ်သွားသော ကောင်းကင်တခု ကို အထပ်ထပ်အခါခါ ပြန်အိပ်မက်နေတတ်သော…မာန နှင့်အတူ ဖမ်းဆုပ်မိသမျှသော မိုးတိမ်များကို ချေမွှဖျက်ဆီးနေမိခဲ့သော..ကျမ ကိုယ်တိုင်သာ…ဖြစ်နေခဲ့ပါသည်..။ ။

Xxxxxxxxxxxxxxxxxxxxxxx ။ ။ xxxxxxxxxxxxxxxxxxxxxxxx

...... May b Soon.. :-)

;;