လွင့်ထွက်ခွဲခွါခဲ့ ရတဲ့ သံယောဇဉ်တွေမှာ
ခရေပန်း ရနံ့ တွေသင်းတယ်
လွမ်းရတဲ့ဆောင်းညနေတွေဟာ
သူငယ်ချင်း တွေနဲ့ လှပတဲ့ကံ့ကော်ရောင်ညနေခင်းတွေ……။ ။

ဘ၀အတွက် ခက်ခက်ခဲခဲ ပင့်သက်တချက်ရိုက်ခတ်မိတိုင်း
အဲ့ဒီပြည့်စုံလှပတဲ့ ချစ်ခြင်းတွေအကြောင်း
ငါ ပြန်တွေးရင် နွေးထွေးတယ်…..။ ။

ခွဲခွါခဲ့ရပေမယ့်
တို့ တတွေဟာ မကွဲကွာခဲ့ကြဘူး…
ငါတို့ အတူဖြတ်သန်းစီးဆင်းခဲ့ကြတဲ့
လှိုက်လှဲသောပျော်ရွှင်မှုတွေအား
ဟော့ဒီ ငါ့နှလုံးသားထဲမှာ
အထားအသိုမမှားအောင် အမြဲသိမ်းဆည်းထားခဲ့တယ်…။ ။

တကယ်တော့ အခုချိန်မှာ ငါပိုင်ဆိုင်တော့တာဆိုလို့ 
နင်တို့ ငါ့အပေါ်ထားတဲ့ချစ်ခြင်းတွေရယ်
ငါ နင်တို့ အပေါ်ထားတဲ့ လေးနက်ခြင်းတွေရယ်ပဲ ရှိမယ်…။ ။

ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့ သူငယ်ချင်းတွေဆိုတာ …
ဟိုး မိုင်ထောင်ပေါင်းများစွာအကွာ…
တည်နေရာပေါင်းစုံ က…
နွေးထွေးတဲ့နှလုံးသွေးတွေ …
တသွေးတည်း ၊တသားတည်း စီးဆင်းနေခဲ့ ကြစမြဲပါပဲ…။ ။











ချစ်ခြင်းမေတ္တာတရားဆိုတာ ကျမ ခေါင်းမော့ကြည့်လိုက်တိုင်း ကျမကိုထာဝရ အုပ်မိုးကာကွယ်ပေးထားတဲ့ကောင်းကင်ပြင်ကြီးတခုလိုပါပဲ...
မိုးရွာရွာ ၊နေပူပူ ၊ဆောင်းချမ်းချမ်း ဘယ်လိုရာသီဥတုမျိုးမှာမဆို သူကတော့ကျမ အတွက်ထာဝရရှိနေတတ်တယ်...
တခါတလေ ကျမသူ့ ကိုမမြင်နိုင်တဲ့အခါတွေရှိတတ်ပါတယ်... အတ္တတရားဆိုတဲ့ မိုးသားတိမ်တိုက်တွေ ဖုံးအုပ်ထားတဲ့အခါမျိုးတွေမှာပေါ့...
ဒီအချိန်မျိုးတွေမှာလဲ ကျမကသာ မမြင်နိုင်တာပါ...သူကတော့ တနေရာရာမှာကျမအတွက်ရပ်တည်နေခဲ့တာပါပဲ...
တခါတလေ ချစ်သူဟာ မိုးပြိုမှာကြောက်နေတဲ့တစ်တီတူးလေးအတိုင်းပဲ ... ကျမ အတွက်နေရာတကာ အသေးစိတ်လေးကအစ အစိုးရိမ်လွန်နေတတ်ပြန်တယ်... တကယ်ဆို ကျမ ကချစ်ခြင်းမေတ္တာအပေါ် အယုံကြည်ကင်းမဲ့လွန်းတတ်ခဲ့သူပါ...သို့ ပေမယ့်လည်း ချစ်သူအသက်သွင်းတဲ့ ဒီမျက်လှည့်ဝင်းထဲမှာပဲ ကျမနှလုံးသားဟာ ပန်းနူရောင်ပြောင်းသွားခဲ့တယ်...
မြတ်နိုးခြင်းကို ကျမကိုယ်တိုင်အရောင်ခြယ်လို့ မ၀သေးခင် ချစ်သူက လက်ဆောင်အဖြစ်ကျမကိုနှင်းအပ်ခဲ့တယ် ...
ချစ်ခြင်းမှာ အပေးအယူရှိပါသလား ... ကျမ မသေချာပါ... သို့ ပေမယ့် ချစ်သူ၏ မေတ္တာတရားကတော့ကျမ ၏ချစ်ခြင်းကိုညှို့ ငင်နိုင်စွမ်းရှိခဲ့ပါသည်...
ကျမ ၏အိပ်မက်များကို ချစ်သူက ဖန်ဆင်းသည်
ကျမ ကိုယ်ကျမ ယုံကြည် မှု စွမ်းရည်မြင့်တက်လာအောင် ချစ်သူက ဖန်တီး သည်
ချစ်သူနှင့်ဆုံတွေ့ ခြင်းသည် သာမာန်ရေစက်၊ရေပေါက်ကလေး အနည်းငယ်မျှပင်ဖြစ်လိမ့်မည်... သို့ သော်
ချစ်သူသည် ကျမ ဘ၀ထဲ နွေးထွေးစွာ ဖြတ်သန်းစီးဆင်းဝင်လာနိုင်သူဖြစ်သည်...
ချစ်သူနှင့် ပတ်သတ်သောအကြောင်းအရာတိုင်းသည် နူးညံ့သော နွေးထွေးမှု တမျိုးအဖြစ် ကျမနှလုံးသားထဲ အစဉ်အမြဲ တစိမ့်စိမ့်စီးဝင်လာခဲ့သည်...




အခုတော့လည်းအရာအားလုံးဟာ..
မယုံနိုင်စရာကောင်းလှအောင်
နာကျင်စရာကောင်းလောက်အောင်...
ကြေကွဲတိတ်ဆိတ် ပြီးဆုံးသွားခဲ့ပါပြီ....

ကောင်မလေးတယောက်ရဲ့ 
ဟင်းလင်းပွင့်နေတဲ့နှလုံးသားတခုထဲမှာ
ဘာတွေကိုများထပ်ပြီးမျှော်လင့်ထားနိုင်ဦးမှာလဲ...

ကို့ ရဲ့ အခါလွန်နောင်တတွေက ကျမ ကိုတိတ်တဆိတ်ကျိန်ဆဲတယ်...
တကြိမ်တခါမက ပွင့်ကာပြခဲ့ပေမယ့်လည်း...
ရနံ့ မဲ့ခဲ့တဲ့ကျမအတွက်
ကို့ အမူအယာတွေက လည်း
အမှုမှတ်မဲ့ခဲ့ပါတယ်...

နာကျင်မှုအမျက်တွေ သွေးစိမ်းရှင်ရှင်ထွက်ခဲ့ရပေမယ့်
ငါကိုယ်တိုင်ရေးမယ့် ငါ့သမိုင်းကြောင်းမှာ
စာတကြောင်းတလေတောင်မှ မရိုင်းစေခဲ့ရပါဘူး

ရေရာမှုနတ္တိ ၊ မရေရာမှုတွေပဲ တိတိကျကျ
တချိန်တခါကရယ်သံလွင်လွင်လေးတွေ...
မိုင်ပေါင်းများစွာတလျောက်က
စကားသံတွေအားလုံးပျောက်ဆုံးခဲ့ ရ ပေါ့... ။ ။

"...လမ်းခွဲ..."



သီချင်းလေးတွေ ချန်ထားခဲ့ပြီး
ကို' ထွက်သွားတဲ့နေ့ မှာပေါ့......
ဆွံ့ အနေတဲ့ နှလုံးသားက
နှုတ်ဆက်ခွင့်လေးတောင် မရနိုင်ပါဘူးလေ...

အမှောင်ယံ ထဲမှာကျန်ရစ်ခဲ့တဲ့
ကို့ 'ရဲ့ အရိပ်အငွေ့  သံစဉ်လေးတွေကမှ
လေ အဝေ့နဲ့ အတူ...ကျမ နားထဲကြားယောင်လို့ 
နှုတ်ဆက်မှု တစုံတရာကိုပေးခဲ့ပါသေးတယ်...။

ကို'ရေ.....
ကျမ ပေးလိုက်နိုင်တာကတော့
ဘယ်လိုမှ မေ့မရနိုင်တဲ့.....ချစ်ခြင်းတွေဖြစ်ပြီး
ကို' ပေးခဲ့နိုင်တာကတော့
အေးစက်တည်ငြိမ်တဲ့ .......
ဥပက္ခာ ခြေသံတွေပဲ.....ဖြစ်မှာပါလေ........။ ။









ကိုယ့်ရင်ဘတ်ထဲကို ကိုယ်ပြန်ငုံ့ ကြည့်မိတိုင်း
ငါ် မင်းကို မစွန့် လွှတ်နိုင်မှန်း
သေချာသထက်သေချာလာခဲ့ပါရဲ့ ...

သွေးအေးတတ်လွန်းတဲ့ ကံကြမ္မာကို
ခြေရာခံဖို့ မဖြစ်နိုင်သေးပေမယ့်
ငါတို့ နှလုံးသွေးတွေ ပူနွေးနေသမျှ
ငါက မင်းကို အတိုင်းအဆ မဲ့ချစ်နေခဲ့ ဦးမယ်....

မမဲချင်ပဲမှောင်နေခဲ့ရတဲ့ဘ၀ ထဲ
ချိုမြသော အပြုံးတပွင့်သာတောက်ပတတ်ဖူးခဲ့
မင်းပြုံး လိုက်တဲ့အခါတိုင်း
ငါ့ရင်ထဲက မျှော်လင့်ချက် မျက်ဝန်းတွေ
တဖျတ်ဖျတ် ခတ်တယ်...

ချစ်သူကို ချစ်တယ် ပြောဖို့ 
ဆွံ့ အခဲ့ဖူးတဲ့ ဒီနှုတ်ခမ်းတစုံကို
တိတ်တဆိတ် ဒဏ်ပေးဖြစ်တယ်..
မသိမသာ တမျိုး ၊ သိသိသာသာတမျိုး
တကယ်ဆိုငါက မင်းကို နှစ်မျိုးချစ်တတ်ခဲ့တဲ့သူပါ....

ချစ်သူ့ အိပ်မက်တွေ ကို အသက်သွင်းဖို့ 
လောကကြီးဆီက အသိဥာဏ် တမျိုးလက်ဆောင်တောင်းဖြစ်တယ်…
ဟန်ဆောင်သူအိပ်မက်ထဲ
ချစ်သူ့မျက်ဝန်းညိုတွေ ရဲ့ အပွေ့ အဖက်မှာ
ထာဝရ အိပ်စက်ခွင့်ပေးလှည့်ပါ…. ။ ။










နေရာဆိုတာ ယူတတ်မှ ရနိုင်တာလား သခင်
စကားတတ်ပါ့ လို့ မကြာခဏပြောဖူးတဲ့
ဒီနှုတ်ခမ်းပါးကစကား သခင့် နားနဲ့ ဆတ်ဆတ် ပန်ပါဦးလား…
သခင့်အလင်းရောင် အောက်မှာမှ ပျိုးပြက်တောက်ပချင်သူ
ကျမ အတွက် က..
မစိုစလောက် ဘ၀နဲ့  လက်ဝေခံ အချစ်တချို့ အတွက်လဲ
နှစ်သိမ့်ရဲပါရဲ့ …။
သခင့် အနီးအပါးမှာ လျှင်ပျော်ပါး..
သခင့်စကားသံတွေ ကိုမှ နာကြားချင်နေ မိတော့..
ပိုင်းဖြတ်တတ်တဲ့ ဦးနှောက် ဆိုတာလဲ…
ဟော့ဟို တောင်စွယ်မှာ ကွယ်ကွယ်သွားတတ်တဲ့
နေ တစင်းလို ထင်ပါ့….။
အမှန်ဆို ဖြူဖြူစင်စင် ပျိုးခဲ့သင့်ပါရဲ့  သခင်..
မေတ္တာ နဲ့ ရင်းတဲ့ချစ်ခြင်း…
အပြစ် ကင်း ကင်း မ ကင်းကင်း
ကျမ မက်မော ဖက်တွယ်မိချင် ရဲ့ ။
မည်သို့ ပင်ဖြစ်စေ..
ဒီ အရိပ်မှာပင်ပျော်ပါ ရဲ့ 
အတ္တ တရားတို့ အုံ့ မိုးရာ
ဟော့ဒီ ထီးနီနီ တလက် အောက်မှာပဲလေ…။
ဒီလိုပါတဲ့ သခင်
အချစ် ဆိုတဲ့စကား သခင့်နှုတ်ဖျားမှ
မဦးမချွတ် ပန်ကြားခွင့် ရခဲ့ရင်ကိုဖြင့်
အချစ်ဆုံး ရကျိုးလဲ နပ်ခဲ့ပြီ…
ဒီနေ့  ..ဒီရက်..ဒီနေရာမှ စ၍..
သခင့်အပါး…တဖ၀ါးမခွါ…
ချစ်ခြင်းအားဖြင့်…သခင့်စေစားရာ…
သခင်သာလျှင်……
……………………… ..။



ဒါဟာအိပ်မက်မဟုတ်ဘူး
တစ္စေတကောင်ရဲ့  ရှိုက်ငိုသံတွေ အဆုံး
ငါဟာ….
ဘူတာရုံ မသိနိုင်တဲ့ သံယောဇဉ်ပေးရထားတစင်းပါ…
ခူးဆွတ်ခွင့် မရတော့တဲ့ ခရမ်းပြာပန်းပွင့်လေးက
ငါ့ကိုလှောင်ပြုံးပြုံးတယ်…

ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ…
ကောင်လေးနဲ့ စတွေ့ ခဲ့တဲ့
ဘူတာရုံလေးဆီပြန်သွားဖို့ 
ငါ့ ခြေလှမ်းတွေက ငါ့ကိုစောင့်နေကြလိမ့်မယ်…

ငါပွေ့ ဖက်အိပ်စက့်ခဲ့တဲ့ အရုပ်ကလေးတွေက
ငါ့ကိုလိုအပ်နေလိမ့်မယ်…

ငါ တရှိုက်မက်မက် နမ်းရှိုက်ခွင့်မရတော့တဲ့
ချစ်သူ့ ပါးပြင်လေးက
ဟာတာတာ ဖြစ်နေလိမ့်မယ်…

ဖြစ်နိုင်မယ်ဆိုရင်
ငါ့မျက်ဝန်းတွေ ကို ခေတ္တခရီးထွက်ခွင့်ပေးပါ
ငါမြတ်နိုးခဲ့ဖူးတဲ့ နှုတ်ခမ်းချွန်ချွန်လေး တစုံဆီ ရယ်
ငါမုန်းတီးခဲ့ဖူးတဲ့ ယောင်္ကျားတယောက်ရဲ့ မျက်ရည်တွေရယ်ကို
ခဏလေးဖြစ်ဖြစ် မြင်ခွင့်ရလိုက်ချင်လို့ …

ဒါဟာအိပ်မက်မဟုတ်ဘူး
မခူးသင့်ပဲခူးခဲ့တဲ့ ပန်းတပွင့်အတွက်
မစူးသင့်ပဲ စူးခဲ့ရတဲ့
ကျိန်စာ တခုရဲ့ နိဂုံးတဲ့…..။ ။

နွေးတို့ မင်္ဂလာပွဲလေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဂျူလိုင်လ ၅ ရက်နေ့ မှာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါတယ်....
မနက် ၁၀နာရီ မှာ လက်မှတ်ရေးထိုးခြင်းကို Jurong Spring Community Club မှာ ပြုလုပ်ခဲ့ပြഊဧည့်ခံပွဲကို Sakura Restaurant (Orchard) မှာကျင်းပခဲ့ခြင်းဖြစ်ပါတယ်...
မင်္ဂလာဆောင်ခါနီးကတည်းက တဖွဖွမေးနေတဲ့ ကိုကြီးဖိုးစိန် နဲ့ ကျန်တဲ့ အကို၊ အမ များရော
ဆုတောင်းပေးကြတဲ့ မောင်နှမ များရော... မအားမလပ်တဲ့ကြားက ကိုယ်တိုင် တက်ရောက်လာခဲ့ပေးကြတဲ့
အကိုကြီး ကိုသီဟသစ်၊ ကိုတောင်ပေါ်သားကို ဂျပန်ကောင်လေး၊ မမ မိုးခါး...ပြီးတော့
ဦးဦးဖျားဖျား ဘလော့ပေါ် တင်ပေးခဲ့တဲ့ မောင်လေး အဆိပ်ခွက်...တို့ အားလုံး အားလုံး ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့ ...

ညီ + နွေး

လက်လှမ်းမှီရာ အကို အမ များအားလုံးကိုဖိတ်ခဲ့ပေမယ့်... မအားမလပ်လို့ မလာနိုင်ကြတဲ့ မောင်နှမတွေ
သူငယ်ချင်းတွေ အတွက် ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ရှင်....

အကိုကြီး ကိုသီဟသစ်၊ ကိုတောင်ပေါ်သား ၊မမ မိုးခါး.မောင်လေး အဆိပ်ခွက်..တို့ နှင့်

ဒါက .ကမန်းကတမ်းပြန်သွားတဲ့ ပန်ပန် မပြန်ခင်လေး ...း-)

ကိုကြီးဖိုးစိန်မှာတဲ့ဖိတ်စား-)


တတို့ တားနဲ့ တတို့ တမီး..း-P


း-)

လက်မှတ်ထိုးချိန်


ပြုံးနေတဲ့မျက်နှာကြီးမြင်မှာစိုးလို့ နောက်ကရိုက်တဲ့ပုံပဲတင်ပေးလိုက်တယ်..ဟီးး


ဒါက ...အလှပြင်ဆိုင်မှာ...

ညနေခင်းအလှ...း-P ..

မထင်မှတ်ပဲ လက်ဆောင်ရလိုက်တဲ့ပန်းစည်းလေးနဲ့ ..း-)

စာကြွင်း :ဘလောဂါ မောင်နှမ တွေ ပေးတဲ့လက်ဖွဲ့ ကို သူတို့ သားက အရမ်းနှစ်သက်ပြီး တဖွဖွ ပြောဖြစ်နေပါတယ်..ရှင်... ပြီးတော့ အကြွေး...စာရင်းရှင်းတမ်းလေးကတော့
နှစ်ယောက်တအိပ်မက် စီးပွါးဖြစ်သွားပြီမို့ ကျေအေးလိုက်ပါကြောင်းးးး....း-)
အားလုံးကိုကျေးဇူးတင်စွာဖြင့်....







နာကျင်စရာ တွေနဲ့ ကြုံတိုင်း
ငါ တို့ အတူဖြတ်သန်းခဲ့ရတဲ့
ခါးခါးသီးသီး နေ၀င်ချိန်တွေ အကြောင်း သတိရလိုက်ပါ…

လမ်းခွဲ စရာကြုံခဲ့လေတိုင်း
ငါတို့  နှစ်ယောက်လမ်းလျှောက်နေကျ
ဒီတောင်ကုန်းလေးပေါ်ကိုပဲ
လမ်းမပျောက်စေဖို့ အရောက်လာခဲ့ပါ…

စိတ်ပျက်စရာ တွေ နဲ့ ကြုံတိုင်း
ငါတို့ နှစ်ယောက် မျက်ရည်တွေ နဲ့ ရင်းနှီးခဲ့ရတဲ့
ဆုံဆည်းခွင့် တွေကိုတန်ဖိုးထားပါ…

ချစ်သူ
ငါတို့ နှစ်ယောက်ကြားမှာ
ညီမျှခြင်း(=)တခု ထားပြီးတောင် မခြားချင်ဘူး
ငါ့ကိုယုံပါ
ငါ့ကိုချစ်ပါ…
ပြီးတော့ ငါမင်း အနားမှာ ရှိနေတဲ့ အချိန်တွေ ကို
တန်ဖိုးထားပါ…
အဲ့ဒီညီမျှခြင်းတဖက်မှာ သုည ပဲ ကျန်ခဲ့စမ်းပါစေ..
ငါ့ဘ၀ ထဲကိုပဲ ရဲရဲ ကူးဝင်လာခဲ့စမ်းပါ…

အတိတ်က မျက်ရည်တစက်တလေ မှ
ငါတို့ ဘ၀ ထဲ အဆိပ်ခတ်မခံလေနဲ့ …
မင်းအတွက်ရင်းခဲ့တဲ့
ငါ့အိပ်မက်တွေ အတွက်
ငါ့ လက်ကိုသာ မြဲမြဲ တွဲ
အနာဂတ်ထဲမှာ နာကျဉ်းခြင်းတွေ ကွင်းစေရလိမ့်မယ်…

ငါတို့ ကြားမှာ ပူပင်ခြင်းတွေ မရှိဘူး..
ငါတို့ ကြားမှာ ဟန်ဆောင်ခြင်းတွေ မရှိဘူး…
ငါတို့ ကြားမှာ ဝေးကွာခြင်းတွေ မရှိဘူး…
ငါတို့ ကြားမှာ ညီမျှခြင်းတွေ လဲမရှိဘူး…

နွေးထွေးမှု တွေနဲ့ သီကုံး…
ငါတို့ ကြားမှာ မဆုံးတမ်းအချစ်တွေ ရှိတယ်…
စာနာမှု တွေ နဲ့ ဖွဲ့ တည်
ရှုမြင် မဆုံးတဲ့ မေတ္တာပန်းကုံးတွေ ရှိမယ်….

ငါတို့ လျှောက်မယ့် လမ်း
ပန်းမခင်း ၊ ဆူးမနင်း
သဘာဝတရားတွေ ကိုပဲ
ဥာဏ်နဲ့ ထွင်းလို့ နင်းဖြတ်မယ်….

မနက်ခင်းတိုင်းမှာ အတူနိုးထလို့ 
နေ့ ရက်တိုင်းမှာ အတူခရီးဆက်ကြမယ်…
ဒီကဗျာ ကိုဖတ်နေတဲ့
မင်းမျက်ဝန်းရဲ့ 
ဆံခြည်မျှင်သွေးကြောလေးတွေဆီကတဆင့်
မင်း နှလုံးသားနဲ့ …
မင်းဘ၀ ရဲ့ နေရာလေးတွေဆီ အထိ
ငါ စီးကူး ဖြာဆင်းခဲ့ပြီ….

ငါဟာ မင်းအတွက် အရာရာ မဖြစ်နိုင်ရင်တောင်
ငါဟာမင်းရဲ့ တနေရာ ဖြစ်နေမှာ သေချာပါရဲ့ ကွယ်…
ဒီလိုနဲ့ ….
တယောက်ရဲ့ ယုံကြည်မှုဟာ
တယောက်ရဲ့ ရင်ခွင်ထဲ….
လင်းပစွာ စီးကူးသွားတဲ့ အကြောင်း….
ဖွင့်မပြောပဲသိကြမယ်…

အေးချမ်းပါစေ ”ချစ်သူ”
ယနေ့ မှစ….
ကျမ နှလုံးသား လှုပ်ရှား နေသရွှေ့ ….
ရှင့်ကို ကျမ
အရမ်းချစ်မယ်….
“ အရမ်းချစ်တယ်…. ။ ။

လမ်းကျဉ်းလေးထဲ မှာ



လမ်းကျဉ်းလေးထဲ မှာ မျက်ဝန်းတစုံရှိတယ်
ကာရန်မဲ့သွားခဲ့တဲ့ ကဗျာဆရာ တယောက်ရဲ့ မျက်ဝန်း…
စိတ်ပျက်လက်ပျက် မကြည့်နဲ့ 
အဲ့ဒီ ဆုံးဖြတ်ချက်တွေ နေမထွက်တတ်တော့တာကြာပြီ

“ ငါ အရာအားလုံးကိုမေ့လိုက်ပြီ… သတိမရချင်တော့ဘူး “ တဲ့
ကျမ ကတော့ “ အရာအားလုံးကို သတိရလိုက်ချင်ပြီ…
မေ့ထားခဲ့ရတာကြာပေါ့ “ လို့ 

၁၇ နှနှစ်မိန်းကလေးတယောက်ရဲ့  ဇယ်ခုတ်နေတဲ့ လက်နှစ်ဖက်မှာ
ဘာမာယာမှ မပါခဲ့ဘူး….
အသိဥာဏ်တွေလွင့်ပျောက်ခဲ့ရတဲ့
အနာဂတ်မဲ့ချစ်ခြင်း တွေမရှိဘူး…
Gucci ဖိနပ်တရံ နဲ့ KOSE တစ်ဆက် အစား
ချိုမြမြ မာလကာသီးတလုံးကိုသာ သူပူစာတတ်ခဲ့တာ…

သူ့ ဆီမှာ ခပ်မဲ့မဲ့ ပြုံးတတ်တဲ့ နှုတ်ခမ်းတစုံမရှိဘူး…
ငိုကြွေးနေတဲ့ သူငယ်ချင်းတယောက်ကိုနှစ်သိမ့်ဖို့ 
လုံလောက်တဲ့ စိတ်ဓါတ်အင်အားတွေရှိခဲ့တယ်…

ယုံကြည်ချက်တခု ပျောက်ဆုံးသွားတဲ့အခါ
ခေါင်းမော့ရင်းဟားတိုက်တတ်တဲ့
ခုလို လှောင်ရယ်သံတချက် သူ့ မှာမရှိခဲ့ဘူး…
လမ်းပျောက်နေတဲ့သူတယောက်ကို
လမ်းပြဖို့ လုံလောက်တဲ့ စိတ်ရှည်သည်းခံခြင်းတွေ
သူ့ မှာရှိတတ်ခဲ့တယ်…

မေ့ထားခဲ့ရတာ ကြာတော့ လည်းကျမ အရာအားလုံးကိုသတိရတတ်ပြီ…
အရင် က “ ဖြစ်လာမှာပါ “ လို့ ပြောတတ်ပေမယ့်… အခုတော့ “ ဖြစ်တတ်ပါတယ် “ လို့ ပဲပြောမယ်..
ကျဆုံးမှုဆီက စကားအသုံးအနှုန်းတွေ တိုင်းမှာ မျှော်လင့်ချက်တွေ ပျက်သုန်းခဲ့ပြီ..

လမ်းကျဉ်းလေးထဲ မှာ စကားပြောတတ်တဲ့ အိပ်မက်တခုရှိတယ်…
သူက ဆိုတယ်… “ အိပ်မက်တော့အိပ်မက်ပဲ ဒါပေမယ့် လာပြီးတော့ အပိုင်မတွက်နဲ့ ” တဲ့

ဘာရယ်တော့မဟုတ်ပါဘူး
ဘယ်လိုပဲဖြစ်ဖြစ်ပါ ၀ိသေသတစ်ရပ်ကိုလည်းဘယ်တော့မှအမှန်မတွက်နဲ့ ....။ ။

;;