အင်းးးးး…. ဂျူလိုင် လ ၂၂ ရက်နေ့ ဆူနာမီ လာဦးမယ်တဲ့ … Forward မေးတစောင်ရတယ်…
ဘုရား..၊ ဘုရား… ကောလဟာလ တွေပဲ ဖြစ်ပါစေ လို့ ဆုတောင်းမိတယ်… သူပေးတဲ့ထဲမှာ ကိုယ့်အမိနိုင်ငံတော့ မပါဘူး…
ဒါပေမယ့် အခုနေနေရတဲ့ ဒွေးတော် နိုင်ငံကတော့ Affected Area ထဲမှာပါနေလေရဲ့ …အိ…
အခြေအနေ ဆိုးနိုင်ပြီးတော့ သက်ရောက်လောက်တဲ့ နိုင်ငံတွေက မလေးရှား ၊ စင်ကာပူ၊ မော်ဒိုက် ၊ အော်ဇီ၊ သီရိလင်္ကာ၊
အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပင်း ( ကျမက စာလုံးပေါင်းမသိလို့ မှားနေရင်ခွင့်လွှတ်ကြပါ ) တို့ ပါပါ တယ်…တဲ့…
တကယ်သာဆို စိတ်မကောင်းစရာ….။ ငလျှင်လှိုင်းဆိုတာ ဒီလို အဝေးကြီးကတည်းက ကြိုတင်ခန့် မှန်းလို့ ရပါသလား…ကျမ လဲသေချာမသိပါ… သိရှိသောသူငယ်ချင်းများပါက ဆွေးနွေးနိုင်ပါသည်…ဒီလို ၂၂ရက် ဂျူလိုင်ဆို၍ ရက်အတိအကျရော ခန့် မှန်းရနိုင်ပါသလား…မည်သို့ ပင်ဖြစ်စေ…ထိုရက်ပိုင်း အတွင်း ကမ်းခြေသို့ အသွားအလာ ဆင်ခြင် ကြစေချင်ပါသည်..
အခု ကမ္ဘာ အနှံ့ ကျရောက်နေသော ကပ်များမှာ ကြောက်စရာ ကောင်းလှပါသည်…
ဒီနေ့ ပဲ ၀က်တုပ်ကွေး ခေါ် (SWINE Flu) ကို WHO (World Health Organisation) မှ Alert level 5 အထိ မြှင့်တင်၍
အပြင်းအထန် သတိပေးနေကြပါသည်.. ရုံးမှာလဲ နေ့ စဉ်နှင့် အမျှ အဖျားလာတိုင်းကြသည် မှာ တစ်နေ့ လျှင် နှစ်ကြိမ် ( ဂျပန်တွေက လူပု သလောက် လျှာရှည် ၊ သည်း ပါသည် :-P )
ကိုယ့်ဘာကိုယ် ရိုးရိုး ဖျားမှာတောင်ကြောက်နေရသည်.. ဖျားသည်နှင့် ရုံး အလာမခံပါ… ကျမ တို့ အပြင်ထွက်၍ Customer နှင့်တွေ့ လျှင်
Surgical Mark စွပ်သွားရသည်.. ( ပိုတာအဲ့ဒါတွေပါ) ဘာပဲပြောပြော စိတ်ချရပါသည်.. အစည်းအဝေးတိုင်းလဲ Mark စွပ်ထားရသည်.. နှုတ်ခမ်းနီကုန် အလွန်သက်သာနေပါသည်…
ကျမ ကတော့ အိမ်နှင့် အတိုက်အခံလုပ်၍ ၀က်မွေးနေသော အကိုဝမ်းကွဲ တယောက်အတွက် စိုးရိမ်မိသည်..
ကမ္ဘာကြီးက တော့ ကပ်ဆိုက်နေပြီထင်ပါသည်… ( ခွါဆိုက်လျှင်ကောင်းမည်) ကြက်ငှက် တုပ်ကွေး ပြီးတော့
အခု ၀က်တုပ်ကွေး လာနေသည်.. နောက်များ ဆိတ်တုပ်ကွေး ၊ အမဲတုပ်ကွေး၊ ပုစွန် တုပ်ကွေး ( တော်တော်စားကောင်းမည်)
များပါ လာမည်လား မပြောနိုင်ပါ… ဘာပဲ ဖြစ်ဖြစ် မောင်နှမ အားလုံးဥာဏ် နှင့်ယှဉ်၍ သတိထားစေချင် ပါသည်..။
ကြားသမျှ ယုံ၍ ကြောက်နေရမည်ဟု မပြောပါ … အောက်ပါ အချက်များမှာ WHO မှကြေငြာထားသော အခြေခံ လိုက်နာသင့်သော
အချက်များဖြစ်ပါသည်..
(၁) တကိုယ်ရည် သန့် ရှင်းမှု ကို ဂရုစိုက်ထိန်းသိမ်းပါ
(၂) ကိုယ့် အလုပ်နေရာ နှင့် ကိုယ့်အိမ် ၊ အိပ်ခန်း ပတ်ဝန်းကျင် သန့် ရှင်းမှု ကိုရော ဂရုစိုက်ပါ
(၃) ကောင်းမွန်စွာ အနားယူပါ ( ဥပမာ ၊ တစ်နေ့ ရင် ၈နာရီ အပြည့်အ၀ အိပ်စက် အနားယူခြင်း )
(၄) သင့်တင့်မျှတသော လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပါ
(၅) ကိုယ်အပူချိန် ကိုနေ့ စဉ် တိုင်း၍ မှတ်တမ်းတင်ထားပါ
(၆) သင်ဖျားနေသည်ဟု သံသယရှိပါက လူထူထပ်သော နေရာများ ကိုသွားခြင်းမှရှောင်၍
Surgical Mark ကို အသုံးပြုပါ

ကျမ ၏ ဘာသာပြန်ညံ့သော အဖြစ် ကြောင့်စာဖတ်သူအခက်အခဲရှိပါက ခွင့်လွှတ်စေချင်ပါသည်
ဝက်တုပ်ကွေး ၏ အစပျိုးလက္ခဏာများကတော့
(၁) အဖျား ၃၈ ဒီဂရီ အထက်ဖျားခြင်း
(၂) ပင်ပန်းနွမ်းနယ်ခြင်း (ကြွက်သားများနာကျင်ခြင်း နှင့် အရိုးအဆစ်များကိုက်ခဲခြင်း)
(၃) အစာအိမ်အောင့်ခြင်း နှင့် ၀မ်းလျောခြင်း
တို့ ဖြစ်ပါတယ်… ရိုးရိုး တုပ်ကွေးဖျားနှင့် သိပ်မကွာလှတဲ့ အချက်တွေပါ..။

ရောဂါရင့် အကျိုးဆက်များကတော့
(၁) အသက်ရှု ပြင်းခြင်း နှင့် အဆက်မပြတ်နှာ စေးခြင်း
(၂) အသက်ရှုခက်ခဲခြင်း ၊ အသက်ရှုမ၀ခြင်း
(၃) နှာခေါင်းနှင့် နားပေါက်များထဲမှ သွေးများယိုကျခြင်းနှင့် အဆုံးမှာတော့
အသက်အန္တရာယ် ကို ထိခိုက်စေပါတယ်…
ကဲ အားလုံးပဲ သတိနှင့်ယှဉ်၍ မြင်နိုင်ကြပါစေ…။

အချပ်ပို ။ ။နောက်ဆုံးရ သတင်းအရ ၀က်တမျိုးထဲမှ Resource မဟုတ်ကြောင်းနှင့် အရင်းအမြစ်ကို ရှာမတွေ့ နိုင်သေး၍ ကာကွယ်ရန် တော်တော်ခက်ခဲနေကြောင်းသိရပါသည်..။












မေ့နေတတ်တဲ့ လူတယောက်အတွက်
သတိရတတ် ခြင်းတွေပေးဖို့ ရာ
ငါ့မှာ လုံလောက်တဲ့တမ်းတခွင့်မရှိဘူး.......။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ?" လို့ မေးနေတဲ့ ပတ်ဝန်းကျင်အတွက်
ဘ၀ ၇ဲ့ ကံဆိုးခြင်းတွေကိုပြန်အစဖေါ်ဖို့ 
ငါ့မှာ...သတ္တိ မရှိဘူး........။

မြေနိမ့်ရာ လှံစိုက်တတ်တဲ့ လူ့ သဘာဝကိုသိထားပေမယ့်
သူတို့ အထိုးနှက်ခံဘ၀ကို ငြင်းပယ်နိုင်ဖို့ 
ကုန်းမြင့်မြင့်တွေ...ငါ့ဘ၀ မှာမရှိဘူး...။

ဘယ်သူတွေ ဘယ်လို ပြောင်းလဲ ပြောင်းလဲ
အမြဲတမ်းငါ့ဘက်မှာ ရှိနေခဲ့တဲ့ ချစ်သူတယောက်
ငါ့ဘ၀ ထဲကထွက်ခွါ သွားတဲ့အခါ.....
"တယောက်တည်းမထားခဲ့ပါနဲ့ " ဆိုတဲ့ရင်ထဲကစကား
ပြောဖို့ မတန်တဲ့ငါ့အတွက်
တားမြစ်ခွင့် ဆိုတာ ..........
ငါ့မှာမရှိခဲ့ဘူး..............။





( ၂၀၀၇ ခုနှစ် ဒီဇင်ဘာ လောက် တုန်းက စုဗူးမှာရေးဖြစ်ခဲ့တဲ့ကဗျာလေးပါ)

တနင်္လာပြောထားပေမယ့် ဒီနေ့ မှဖြစ်သွားတယ်..မနေ့ က နွေးကိုရုံးမှာ မလှုပ်နိုင်အောင်စွတ်မောင်းနေကြလို့ ပါ…
ဘ၀သမားမို့ ဂတိပျက်ရတာပါ တောင်းပန်ပါတယ်နော်… :- )
၆။ ပီအမ်
ဒီကလေးကတော့ (ဟိ) သူ့ ကို လူတွေက စာတွေဖတ်ပြီး အသက်ကြီးလှပြီထင်ကြတော့
သူ့ မွေးနေ့ နီးတော့ စိတ်ကောက်ရှာတယ်..ထင်ပါ့..စာတွေရေးထားတာတွေ့ တယ်..
အဲဒါနဲ့ ပဲ သူ့ ကိုမွေးနေ ဆုတောင်းလေးတောင် ပို့ ပြီး ချစ်မမကြီး ဆိုပြီးနောက်မိပါသေးတယ်..
သူကလည်းပဲ ပြန်နောက်ပါတယ်…ကျမ ဓါတ်ပုံတွေ့ တာနဲ့  လန့် ဖျားဖျားကြမယ်ဆိုလား… :-P
ဒီစလုံးမှာပဲ ကျောင်းတက်နေတဲ့ မောင်လေးထင်ပါတယ်..ကျမ ကလဲ အငယ်ဆုံးပီပီ သိပ်လူကြီးဖြစ်ချင်တော့
အားရင်အားသလို သူ့ဘလော့ ကိုအမကြီးတယောက်လိုကို သွားသွားစ ပါတယ်… တကယ်က ၂ နှစ်ပဲကွာတာပါ.. ;)
အဲ…အဲ့ဒီမောင်လေးကိုလဲ အခွင့်သင့်ရင်တော့မြင်ဖူးချင်ပါတယ်..
ရ။ ကိုနောင်
ကျမ မနက်မိုးလင်းကွန်ပြူတာဖွင့်ပြီးတိုင်း အပြေးသွားတာကတော့…သူ့ ဘလော့ကိုပါပဲ… ဒီနေ့ မြန်မာငွေဈေးလေးများ တက်လာမလား ၊
ကျသွားလေမလား ရင်တခုန်ခုန်နဲ့ ပေါ့… ဟိုး အရင် သူ့ အိမ်အဟောင်းမှာကတည်းက ခင်လာကြတာပါ… အဲ့ဒီအချိန်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျမ ရန်ကုန်မှာပဲ ရှိပါသေးတယ်..အွန်လိုင်းမှာအားကိုးစရာ အကိုရင်းတွေထဲက တယောက်ပေါ့…ကွန်ပြူတာရှေ့မှာထိုင်နေရင်း ရန်ကုန်က ဈေးနှုန်းတွေ အကုန်သိနေရလို့ အလွန် အသုံးဝင်တဲ့ အိမ်ကလေးပိုင်ရှင်ပါ…
သူနဲ့ လဲတွေ့ ချင်ပါသေးတယ်…
၈။ Welcome
ဒီအကို က ကို မန္တလေးသား ပါ.ထင်တာ...ဟိ .ပွင့်ပွင့်လင်းလင်းရှိပြီး ခင်ဖို့ ကောင်းမယ့်ပုံပါ…
ပညာပေးစာလေးတွေ အတွေ့ အကြုံနဲ့ ယှဉ်ပြီးရေးတတ်တယ်..
သူတင်ထားတဲ့ လေးဖြူ သီချင်းလဲ အရမ်း ဟတ်ထိ…
ကိုဝင်းဇော်ကိုလဲ မြင်ဖူးချင်မိတယ်…

၉။ ဂျပန်ကောင်လေး

စုဗူးမှာထဲက သူ့ စာတွေလိုက်ဖတ်ဖြစ်တာပါ..စာရေးတာဆွဲဆောင်မှု တမျိုးရှိတယ်ပြောရမယ်..
ဟိ..သူ့ ဘလော့နာမည်ကြီးကိုတော့ မကြိုက်ဘူး… ဂျပန် ကုမ္မ္ဘုဏီမှာ အလုပ်လုပ်နေရတော့ ဂျပန်ဆို ကြည့်မရတော့ဘူးး… :-P
ဟိုတလောက စုဗူးတွေ့ ဆုံပွဲ မလုပ်ဖြစ်တော့ မမမေသဲတို့ နဲ့ အတူ မမြင်ဘူးလိုက်ရဘူး.. ဂျီတော့ ရသလောက်တော့ တော်တော် ခင်ဖို့ ကောင်းမယ့် အကိုပါပဲ.. မြင်ဖူးချင်သေးတယ်..ဆုံဖြစ်မယ်လဲထင်ပါတယ်..

၁၀။ မမနော်ဟရီ
ကျမ က သူ့ ပရိသတ်ပါ…အမစာတွေဖတ်မိရင် တွေးစရာတွေကျန်ခဲ့တယ်…ပြီးတော့ ကဗျာရေး လဲ အရမ်းကောင်းတယ်..
ဘလော့မှာသူ့ စာတွေတ၀ကြီးဖတ်ရလို့ ကျေနပ်မိတယ်... ထက်မြက်တဲ့မိန်းမ တယောက်မှာရှိသင့်တဲ့ မာန်မျိုး အပြည့်အ၀ ရှိတယ်လို့ ထင်တယ်.. သူ့ စာတွေထဲက မြင်ရတဲ့ သူ့ စိတ်ဓါတ်ကို အရမ်းသဘောကျတယ်… သူ့ ဘလော့က ဓါတ်ပုံလေးထဲက သွယ်သွယ်ချောချော
အဲ့ဒီ မမစာရေးဆရာမ လေးကိုလဲ တွေ့ ဖူးချင်တယ်….
ကဲ ၁၀ ယောက်တော့ပြည့်သွားပြီလေ… ဆက်ရေးမယ်ဆို ရင် မောင်နှမတွေ အများကြီးရှိသေးတယ်…
အခုလို ကိုယ်လေးစားတဲ့၊ ခင်မင်တဲ့သူတွေ နာမည်ကိုဖေါ်ပြခွင့်ရတဲ့ အတွက် ကိုလင်းကြယ်ဖြူကိုလဲ အရမ်းကျေးဇူးတင်ပါတယ်…
နွေး လက်ပတော့လေးလဲပြန်ကောင်းသွားပြီမို့ အရမ်းပျော်နေတယ်လို့ …

အဲ…ကိုလင်းကြယ်ဖြူက တဂ်တယ်…အတွေ့ ချင်ဆုံးလူ ၁၀ ယောက်တဲ့… နည်းနည်းစဉ်းစားရတာပေါ့…အများကြီးထဲကမှရွေးထုတ်ရတော့မယ်…
မတွေ့ ချင်ဆုံးလူ ၁၀ ယောက်ဆိုရင်တော့ လွယ်လွယ်လေးရယ် ( ရည်းစားဟောင်းတွေ နာမည်တွေချရေးလိုက်ရုံပဲ.. :-P )
အဲ့လိုပြောလို့ အများကြီးထင်ဦးမယ်… အထင်မလွဲပါနဲ့ …လက်တဖက်တောင်မပြည့်တတ်ပါဘူးး..း)

သူများတွေရေးနေတဲ့ပုံစံမျိုးပဲ ရေးချ လိုက်ပါရစေ… ကျမ က ကဗျာပဲအရေးသန်တာကြောင့် စာကြောင်းရှည်ရှည်မဖွဲ့ တတ်လို့ ပါ…
တဖွဲ့ တနွဲ့ စာမရေးတတ်တာ က ရည်းစားစာ အများကြီးမရေးဖူးခဲ့လို့ ပါ… :-P ( ရေးတတ်တဲ့သူတွေ ကိုဖဲ့တာ…ဟိ)
အမှန်ကတော့…ဘယ်ရည်းစားကမှလဲ ကျမရေးတဲ့စာ မဖတ်ချင်ခဲ့ကြဘူးလေ..(လက်ရေးစုတ်ချာလွန်းလို့ တဲ့….း-)့ )့

ကဲ ရှာပုံတော်ဖွင့်လိုက်ကြရအောင်နော်… တချို့ ကိုလဲ သူများတွေတဂ်ပြီးသားလူတွေဖြစ်ချင်ဖြစ်လိမ့်မယ်…ဒါပေမယ့် ကျမ က ကျမစိတ်ထဲမှာတကယ်တွေ့ ချင်တဲ့သူတွေကိုမလိမ်မညာတမ်းရေးချင်တဲ့အတွက် ထပ်ရေးပါမယ်…
မကျေနပ်ရင် လက်မှတ်ထိုးပြီး မုန့် လိုက်ဝယ်ကျွေးနိုင်ပါတယ်..
အင်းး….ကျမ ဘယ်မောင်နှမဆယ်ယောက်နဲ့ အပြင်မှာ ဒူးတိုက်အစည်းအဝေး
လုပ်ချင်သလဲဆိုတော့…
ပထမဆုံး
၁။ မမမိုးခါး.
သူ နှင့်ကျမ ဖုန်း၂ခါ ၃ခါပြောဖူးပါတယ်… အရမ်းလဲ ရင်းနှီးနေသလိုခံစားရတယ်…
ဒါပေမယ့်တခါမှ မမြင်ဖူးသေးပါဘူး…
သူက စိတ်ကလေးနူးညံ့ပုံရတယ်…သဘောကောင်းတယ်...အလွမ်းဓါတ်ခံလဲ ရှိပုံရတယ်…သူရေးတဲ့ဝတ္ထုလေး တွေက
လွမ်းစရာတွေ၊ ဆွေးစရာလေးတွေ... ၀ါသနာပါရင် သူ့ ဘလော့လေးလိုက်သွားပြီး သွားငိုလို့ ရတယ်နော်..(ဒီကတော့ ငိုလို့ ဝပြီ )
သူနဲ့ တွေ့ ဖြစ်ရင် လက်တို့ ပြီးတော့ မေးရဦးမယ်… ( အလွမ်းဓါတ်ခံလေးတွေအကြောင်းပါ :-P)

၂။ ကိုလင်းကြယ်ဖြူ
သူ တဂ်လို့ သူ့ ကိုပါအောင်ရေးတာမဟုတ်ရပါဘူးး.. ကျမ ကသူ့ စာတွေကိုတစိုက်တမတ်မတ်အားပေးနေတဲ့
ပရိသတ်ပါ..ကျမ အလုပ်က Associate Engineer ဆိုပေမယ့် Marketing & Business Development Department မှာပါ
Sales Engineer လိုပုံစံမျိုး Customer နဲ့ အမြဲသွားတွေ့ နေရပြီး..ကိုယ့် ထုတ်ကုန်ပစ္စည်း အကြောင်း၊ ဘယ် Capacitor က
ဘယ်နေရာမှာသုံးလို့ ရကြောင်း ၊ ဘယ် Application နဲ့ ပိုအဆင်ပြေကြောင်းအမြဲ ရှင်းပြနေရတဲ့ အလုပ်မျိုးပေါ့…။
သူရေးတဲ့ စာတွေဟာ ကျမ အတွက်တော့ တော်တော့ကို အကျိုးရှိတာအမှန်ပါ… သူနဲ့ တွေ့ ရရင်တော့ အလုပ်နဲ့ ပတ်သတ်ပြီး
ဆွေးနွေးစရာ တွေ အများကြီး ရှိနေပြီး စကားတော်တော်ပြောလို့ ကောင်ဦးမှာပါ….။

၃။ မသက်ဇင်
ကျမရေးတဲ့ ခံစားမှု သက်သက်စာတွေကို အမြဲ လိုလို အချိန်ပေးပြီးလာဖတ်ပေးတဲ့ အမပါ..
ကျမ က မြန်မာဖြစ်ပြီးပုဂံကို မရောက်ဖူးပါဘူး… အမစာတွေ ဖတ်ရတာ တခုခုကိုလွမ်းသလိုလို
ရင်ထဲမှာနင့်နင့်နဲနဲ ကျန်နေခဲ့တယ်… မရောက်ဖူးသေးတဲ့ပုဂံကိုလဲ ကိုယ်တိုင်ရောက်သွားသလိုစိတ်ကူးယဉ်မိတယ်…
ကျမ ကိုယ်တော်ချောလေး ကိုတောင် မြန်မာပြည်ပြန်တဲ့အခါ ဟန်းနီးမွန်းကို ပုဂံကိုပဲသွားမယ်နော်လို့ အမစာတွေဖတ်ပြီး
ပူစာ ထားပါသေးတယ်… (ကြော်ငြား-P) အမ နဲ့ တွေ့ ရရင် ပုဂံအကြောင်းတွေ ထိုင်ပြောကြမယ်…

၎။ ကိုကြီးဗညားရှိန်
ဒီအကိုကိုလဲ မမမိုးခါးလိုပဲ စိတ်ထဲက ရင်းနှီးနေသလိုခံစားရတာပါ…ဒါပေမယ့်တခါမှမမြင်ဘူးပါဘူး..
သူက မမမိုးခါးရဲ့ သူငယ်ချင်း လဲဖြစ်သလို၊ ကျမရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ ၀ါဝါ (သူရဿဝါ)
တို့ နဲ့ တဖွဲ့ ထဲ ပေါင်းနေကြတဲ့သူငယ်ချင်းတွေပါ…ကျမရဲ့ ဘလော့လေးကိုသူ့ ကို Password ပေးပြီးပြင်ခိုင်းထားရတာဖြစ်ပြီး..
သူ ဖိုရမ်ထိန်းလုပ်နေတဲ့ မြက်ခင်းသစ်မှာလဲ ကျမ စာတွေကိုအမြဲရေးဖြစ်နေပါတယ်… သူနဲ့ တွေ့ ဖြစ်ရင်တော့ ၀ါဝါတို့ နဲ့ အတူတူဖြစ်နေမှာမို့ 
တ၀ါးဝါး (သန်းတာမဟုတ် ၊ရယ်ခြင်းပါ) ဖြစ်နေဦးမှာသေချာပါတယ်..ပြီးတော့ မမ မိုးခါးအတင်းတွေထိုင်ပြောပါမယ်..ဟိ

၅။ခရောင်းလမ်း
ကိုခရောင်း ကို ခရောင်းလမ်းဆိုတဲ့ သူ့ ဘလော့နာမည်ကိုစတွေ့ ကတည်းက စိတ်ဝင်တစားဖတ်မိတာပါ…
သူ ရေးတဲ့စာတွေထဲမှာ ကျမ လှိုက်လှိုက်လှဲလှဲ ထောက်ခံမိတဲ့ စကားလုံးတွေပါနေတတ်တယ်..
တခါတလေ ခံစားချက်ချင်းတိုက်ဆိုင်တယ်ပေါ့…သူက ဘ၀ အကြောင်းတွေကို လက်တွေ့ ကျကျ
ခင်းကျင်းပြသ တတ်ပါတယ်… သူ့ ကိုလဲကျမ မြင်ဘူးချင်ပါတယ်…သူ့ စာတွေထဲမှာ ဘ၀ထဲကဖေါက်ထွက်လာတဲ့
စကားသံတွေပါနေလို့ ပါ။

နောက်ထပ် ၅ယောက် ကို တနင်္လာနေ့ တင်ပေးပါ့မယ်.. တ၀က်တပျက်နဲ့ မို့ တဂ်တဲ့သူကိုလဲအားနာပါတယ်..ရှင်..အခုတော့ ရုံးလဲဆင်းပြီ…ကျမ လက်ပတော့လေးကလဲ ပြန် Format ချရမှာမအားသေးလို့ ပျက်လျှက်ရှိနေသေးလို့ အိမ်မှာမရေးနိုင်… လို့ ပါ..
ရုံးမှာကလဲ တနေ့ ကို အခါ ၃၀ မှ ၅၀ ဖြေနေရတဲ့ ဖုန်းတွေကြား ခိုးရေးနေရလို့ ပါနော်…
ကိုလင်းကြယ်ဖြူကိုလဲနောက်တပတ် Vacation မပြန်ခင်အကြွေးဆပ်ပါ့မယ်လို့ တောင်းပန်ရင်း…..

‘အသက်မဲ့ခြင်း’










သွေးရောင်တလက်လက် အပြုံးတွေနဲ့ 
ငါ့ ကိုလာမပြုံးပြနဲ့ 
သုဿန် တစပြင်တခုလိုခြောက် ကပ်
ငါ့ရင်ခွင်အသက်မဲ့နေခဲ့တာ ကြာလှပြီ

နင်ဖွာတတ်တဲ့ စီးကရက်တလိပ်လောက်တောင်
တန်ဖိုးမရှိခဲ့တဲ့ ငါပါ
နင့်နှုတ်ခမ်းပါးက တရှိုက် ကိုတွယ်မက်မိလို့ 
ပင့်သက်တချက်မှာတင်
ငါ အသက်မဲ့ခဲ့ရတယ်…။

သက်ပြင်းချရမှာ မောလွန်းလို့ 
ငါ့ ရှိစုရှိမဲ့ မျှော်လင့်ချက်တွေ
ဟော့ဟို အမှိုက်ပုံ မှာ သွားပုံထားတယ်….(ကြာပြီ)…
ခဲထပ်မှန်မှာကြောက်လွန်းလို့ 
ငါ့ကို ဒီဗျူဟာ တွေ လာလာမသုံးပါနဲ့ …
ဟုတ်ပါ့ …ငါရှုံးပါတယ်….။

နင့်ရင်ခွင် အစွန်အဖျားမှာတောင်
နေရာ တနေရာ မရဘူးတဲ့ ငါပါ…
နင့်နှုတ်ခမ်းပါးမှာ တခမ်းတနား ခိုနားခွင့်ရဖူးတဲ့
စီးကရက်အစီခံတွေ ကိုပဲ
နှလုံးသားတခုစာ နေ့ စွဲတပ်
ငါ့အိပ်ခန်းနံရံ မှာစီတန်းသိမ်းဆည်းထားခဲ့တယ်…။

ဒါ…နောက်ဆုံး ကဗျာပါ…
နှလုံးသား ပျောက်ရှခဲ့တဲ့ငါ…
နင့်အတွက် တဘ၀စာ
သေဆုံးခဲ့ပါပြီ…….
ဒီကဗျာကိုဖတ်မိရင်…
အားပါးတရ လှောင်ပြုံး ပြုံးခဲ့ပါ…..
ဒါ တကယ် နောက်ဆုံးပါပဲ….။ ။

သစ္စာရှိကြေး..

ခံစားမိတဲ့ သီချင်းလေး... အရမ်းကြိုက်လို့ တင်ထားမယ်နော်...ခံစားချက်တူရင် ယူနားထောင်...ပေါ့.. :)












ဝေးလွင့် ခဲ့ပြီ…
အဲ့ဒီ ရင်ခွင်တစုံ ဆီက….
ဒဏ်ရာမဲ့ အနမ်းတချို့ ကို ငတ်မွတ်နေမိသေးတာ
ငါ့အမှားတဲ့လား….

ဒီလို ညနေ …
ဒီလို ညနေ တွေ…
ဒီလောက် အကျည်းတန်လာတတ်မယ်ဆိုတာ…
မယုံကြည်ရဲလောက်အောင်ကိုပဲ
ကို ‘ရေ….
မင်းရှိမယ့် အရပ်ကိုမျှော်ငေး…
အဲ့ဒီ ညနေခင်းလေး အတွက်
တိတ်တိတ် လေးပဲ….ငါ ပေးဆပ် ပါရစေ….

ဒဏ်ရာ အပြည့်နဲ့ 
ခပ်ရင့်ရင့် နှင်းဆီတပွင့်ကို
ဒီ ကွယ်ပျောက်လု နေရောင်တွေ နဲ့ အတူ
ခြွေ ချ ခဲ့မယ်….
ဒီတောင်ကုန်းလေး ထက်မှာ
ငါ နဲ့ အလွမ်းတွေ ထားခဲ့မယ်…

ငါ လာခဲ့မယ်.. ကို’….
ဘယ်လောက်အမှောင် နက်နက်ထဲ ဖြစ်ဖြစ်
ငါ လာခဲ့ပါ့ မယ်….

မတားနဲ့ ….မတားလိုက် နဲ့ 
ငါ ဟာ မင်းရဲ့ တသွေးတည်း တသားတည်း
ငါ တို့ ရဲ့ အချစ်တွေ လဲ…
ဒီညနေခင်း တိမ်တွေလို…လှလှ ပပ
စီးမျော နေကြ ဆဲ…

ဒီလိုဆို ငါတို့ မဝေးကြတော့ဘူး……တဲ့
ငါတို့ ရဲ့ အိပ်မက်တွေလဲ…
ခဏ..ခဏ ကျကျ မပျောက်တတ်တော့ဘူး ကွယ့် ..နော်

ချစ်သူရေ…ချစ်သူ လို့ 
တိုးတိုး လေးရေရွတ် ရင်း
အရင်လို လှလှပပ ညနေခင်းလေးတွေ
ငါ ထပ် ထပ် အသက်သွင်းနေဦးမယ်

ငါလာခဲ့ပြီ ကို’…
နေပါဦး အဲ့ဒီလို ကျောခိုင်းခိုင်းပြီး
အဝေးဆုံးကို လွင့်လွင့် မသွားနဲ့ 
ငါ…ငါ…သိပ် မောပန်းနေပြီ..
အရင်လို သံသယ ပြင်းပြင်းတွေနဲ့ 
ငါ…မင်းရင်ခွင် ကို
ချေ ချေ မနင်းတော့ပါဘူး….

ငါ ….ငါလေ…
ပူလောင်ခြင်း ကင်းမဲ့..အရင်လိုညနေ ချစ်ခြင်းမျိုးလေးတွေနဲ့ 
ဆက်ချစ်ပါ့မယ်….
လက်ရှိဘ၀ ထဲ …အခုလို …
မိုးစုန်းစုန်း ချုပ်နေတာတွေ ….ကို
ကြောက် လွန်း…လို့ ….
……………………………………။

မစ္ဆရိယ



















ရှင်ဟာ…
ခဲတံ နဲ့ ရေးလို့ မရနိုင်တဲ့ စာတပုဒ်ဖြစ်တယ်…
အငို လွယ်၍ အရှိုက်ခက်
သဲသဲမဲမဲ ယုယခဲ့ရသော စကားထာ…
ဘာသာ မပြန်နိုင်သရွှေ့ တော့လည်း
ငါဘာသာပဲအမှားခံ..လူတကာနှုတ်ဖျား
ချ ,အမှားမခံနိုင်သေးဘူး…။ ။
ပေးဆပ်ခြင်း ရယူခြင်းဟာ…ညီမျှခြင်းတခု မဟုတ်ပါဘူး…
ဒါပေမယ့်
နှိုင်းတဲ့ ချိန်ခွင်မတူညီနေသမျှတော့…
ကျမ တို့ ချင်းမမြင်နိုင်ခဲ့ကြတာ မှမဆန်းပဲ
အချိန်တွေသိပ်မရှိဘူး…
ကျမ ပိုင်ဆိုင်ထားတဲ့တခုတည်းသော ဘ၀ မှာ
ကျမ လိုချင်တဲ့အရာ တွေအတွက်
သတိ နဲ့ ယှဉ်ပြီး အရယူဖို့ …
ကျမ မလိုချင်ပဲ ရရှိလာတဲ့ ရရှိလာမယ့် အရာတချို့ အတွက်..
သက်တောင့်သက်သာ လက်ခံနိုင်စွမ်းရှိဖို့ 
ကျမ ရဲ့ မဖြစ်ညစ်ကျယ် စိတ်အင်အားတွေ
ကြိုးစားပမ်းစား..မွေးဖွားနေတုန်းပဲ…။ ။
ကျမ တို့  “မဝေးကြစို့  “ ရဲ့ …
ရှင့် ရဲ့ တကယ်ကောင်းဆန်တဲ့ စိတ်နှလုံးတွေ…
ကျမ တို့ နှစ်ယောက်ကြား
ခဏ ခဏ ထုတ်ထုတ် မသုံးနဲ့ …
ဘ၀ မှာ အဲ့ဒီ အရေးမပါ တဲ့အစိတ် အပိုင်းတွေအတွက်
ကျမ ကိုယ်ကျမ ခန ဖြစ်ဖြစ် ဖျောက်ထားချင်မိတယ်…။ ။

ပျောက်ဆုံးခြင်း










ငါ့ ကိုလိုက်မရှာပါနဲ့ တော့
ဒီလို တကိုယ်တည်းရေရွတ်မိခြင်းမှာတင်
ငါ့ကိုယ်ငါ ပြန်ရှက်မိရဲ့ …
ခံပြင်းမှု မျက်ရည်များစွာ…ဒီမိုးတွေလိုကြွေကြွေကျဆဲ….

ငါဟာ ဒီနေရာ လိုပဲ
မင်းအတွက် အမိုးအကာမဲ့ တလင်းပြင်
အေးစက်ခိုက်တုန်ခြင်းများဟာ…
ဟောဒီက မိုးစက်တွေနှင့်အတူ
ခေတ္တ ခဏ အလည်လာရဲ့ …

ရွာချင်ရွာပါ…မခြိမ်းပါနဲ့ 
ကြောက်လန့် ခြင်းဆိုတာ ငါ့အတွက်ခင်းထားတဲ့လမ်းမဟုတ်တော့
ငါလဲ မသွားချင်ဘူး....

ဆောင်းလေခင်းထားမယ့်ညနေ ခင်းလေးတခုဆီက
မင်းအပြုံးလေးကို လှမ်းတွေးမိတော့
ငါလဲ မချိပြုံးလေး ပြုံးဖြစ်တယ်

သိပ်နာကျင် သွားပါသလား

တို့ နှစ်ယောက်အတူ ရှိခဲ့ဘူးတဲ့ ညနေအားလုံးပဲ တရားပါရဲ့ 
ငါမင်း ကိုချစ်ခဲ့ မိခြင်းတခုပဲ မတရားဘူး

သြော်…မထင်မှတ်ပါပဲလဲ
စကားလုံး တစုဟာ တည်ဆောက်ခဲ့သမျှအားလုံးကို
အဆုံးသတ် စေနိုင်တယ်…

နေပါ..
အိပ်မက်ထဲမှာတော့ မဝေးသေးဘူး
အဲ့ဒီ ပခုံးဖျားလေးမှာပဲ အရင်လိုပျော်ပါး
အလွတ်ရနေတဲ့ အသက်ရှူသံလေးတောင်
ငါကြားလိုက်မိသေးရဲ့ ….

…………………………………….
ငါ့ ကိုလိုက်မရှာပါနဲ့ တော့
ဒီလို တကိုယ်တည်းရေရွတ်မိခြင်းမှာတင်
ငါ့ကိုယ်ငါ ပြန်ရှက်မိရဲ့ …
နာကျဉ်းမှု မျက်ရည်များစွာ…ဒီမိုးတွေလိုကြွေကြွေကျခဲ့….
………………………………………………………………….။ ။

အပြောင်းအလဲ









ရာသီတွေသာ တစတစ ပြောင်းလာတယ်…
ငါကတော့ ဒီအတိုင်းပါပဲ……
မရေရာတဲ့ အိပ်မက်တွေ ပိုမက်တတ်လာတာက လွဲလို့ …..။

နင်ပေးလာမယ့် အပြုံးတပွင့်ကို မော်မဖူးတော့ဖို့ 
ငါ့ကိုယ်ငါ ဒဏ်ခတ် ထားခဲ့တယ်…ဒါပေမယ့်
ငါကတော့ ဒီအတိုင်းပါပဲ……

ပစ္စုပန်ကို အလေးအနက်ထားတတ်ဖို့ 
အတိတ်တွေကို လက်ယပ်မခေါ်နဲ့ 
ငါကတော့ ဒီအတိုင်းပါပဲ……

လူတွေက ရာဇ၀င်ထဲမှာ နေခဲ့ရင်
သူရဲ ကောင်းဖြစ်မယ်ထင်နေကြတယ်
ဒါဟာ ပုံသေနည်းတစ်ခုမှမဟုတ်ပဲ….
နေချင်နေခဲ့ပါ..ရတယ်…
ငါကတော့ အရင် အတိုင်းပါပဲ……

အကျိုးရှိလို့ အကြောင်းတွေဖြစ်လာတယ်ဆိုတာ…
တရားသဘောတွေလား၊ လက်တုံ့ နှင်းမှုတွေလား…ကွယ်..
ငါကတော့ ဒီအတိုင်းပါပဲ……

ငါက နေကြာတပွင့် လို
နေရောင်မျှော်ရင်း ပွင့်ရမယ့်ပန်းလား…
ဝေးပါသေးရဲ့ အချစ်ရယ်…
ငါကတော့ ဒီအတိုင်းပါပဲ….

နူပျိုမှုဟာ တချိန်ချိန်မှာ
ငါနဲ့ ဝေးရာပြေးထွက်သွားလိမ့်ဦးမယ်
ဒါတွေ မလိုပါ အချစ်ရယ်…
ငါကတော့ အရင်အတိုင်းပါပဲ…

ငါ့ အပြုံးတွေ ၊ ငါ့စိတ်နှလုံးတွေ….
ဒီအတိုင်းပါပဲ….

အချစ်ဆိုတာ ရာသီဥတုနဲ့ ပွင့်တဲ့ပန်းမှ
မဟုတ်ပါပဲ အချစ်ရယ်…
ဒီမိုးနည်း ရပ်ဝန်းမှာပဲ ငါပွင့်ပါ့မယ်…
ငါကတော့ ဒီအတိုင်းပါပဲ……

နာနာကျဉ်းကျဉ်း ဇာတ်ကွက်တွေကို
ကိုယ်တိုင်တည်းဖြတ်ရင်း….
ဒီဇာတ်လမ်း ထဲမှာပဲ…မဆုံးတမ်း
ငါ ခရီးဆက်နေမယ်…
ဒါပေမယ့်…
ငါကတော့ ဒီအတိုင်းပါပဲ အချစ်ရယ်….။ ။

ထူးခြား သတင်း

နောက် ၃ ပတ်အတွင်း မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ၂၄ ရာရီရရှိစေ ရမည်ဟု ပြန်ကြားရေးဝန်ကြီး က အာမခံလိုက်ခြင်း သတင်းအပြည့်အစုံ ကို ဤ နေရာတွင် ဖတ်နိုင်သည် ။



စင်ကာပူမြန်မာအမျိုးသားရေးရာသတင်း

;;