‘ဝေဖန်ခြင်း’












ပြင်ဆင်မှု မရှိပဲ ဘယ်အရာမျိုးကိုမှ ရင်မဆိုင်နဲ့ 
ရှုံးနိမ့်မှု ၊ အောင်နိုင်မှု
နှစ်ခုစလုံးဟာ အရှိတရားပဲ……။
ပြောတာ ပြောပါ
စကား ပလ္လင် ခံဖို့ မလိုပါဘူး
ကိုယ်ချင်းစာ တတ်တဲ့ နှလုံးသားရှိဖို့ ပဲလိုတာ..
မင်းစကားမင်း တာဝန်ယူ နိုင်ဖို့ …။
မှန်တယ် ထင်ရင်လုပ်
မ မှန်ဘူးထင်ရင်ဆုတ်
ဒီမှာက
ကိုယ့်မြင်း ကိုယ်စိုင်းနေကျတဲ့ သူအချင်းချင်းပဲ
အတ္တ တွေကို
ဘယ်လိုပဲ ချွေးသိပ်သိပ်
မင်း အတိတ်ကတော့ ကျန်နေခဲ့မှာပဲ
မဆွေးခင် ကြိုတွေးပေါ့…..။
ကဗျာ တွေဆန်ချင်သေးပေမယ့်
ကဗျာတွေဆန်မနေတော့ဘူး
အချစ်ရူးဆိုတာက အေဒီ ၂၇၀ မှာ
ကျန်ခဲ့ပြီ…..။
ချစ်ရင်းနဲ့ ပဲကြောက်သွားတာလား…
ကြောက်ရင်းကပဲ ချစ်သွားတာလား…???
ဘယ်လိုပဲ ဖြစ်ဖြစ်
ဒီ ကမ္ဘာ့လေထု တွေ
မဖြူစင်ကြတော့ဘူး……။ ။

နောင်တ မဲ့စွာ…












မင်းအပေါ် တရားခြင်း ထက် မတရားခြင်းတွေ
ငါ့မှာပို များကောင်း များလိမ့်မယ်…
ဒါပေမယ့်..
ငါမင်းအပေါ် ချစ်နေခဲ့ခြင်းတခုကတော့ တရားတယ်…။
လောကမှာ…သေချာခြင်းထက်
မသေချာခြင်း တွေသာပိုများတယ်…
ဒါပေမယ့်
မင်း ပခုံးဖျားပေါ် မေး တင်ထားမိချိန် တိုင်း
ငါ့ ဘယ်ဖက် ရင်ဘတ် ထဲ က
အသေချာဆုံး အသံထွက် တခု က
မင်းကို ချစ်တယ်…..။
နူးနူးညံ့ညံ့ ပြုံးတတ်တဲ့
မင်းမျက်ဝန်း ရိပ်မှာ…
ငါ့ အတွက် ရည်ဇူးထားတဲ့ ချစ်ခြင်း တွေကိုတွေ့ တယ်….။
ဘာလိုလိုနဲ့  ငါတို့ လက်တွဲ ရင်းလမ်းလျှောက်ခဲ့ကြတာ
ခရီးတော်တော်တောင်ပေါက် ခဲ့ပြီ……
ငါ့ရဲ့  ကောင်းမွေ..ဆိုးမွေ မှန်သမျှ အတွက်
ခွင့်လွှတ်ပြုံး တပွင့်နဲ့ 
ပခုံးထမ်း လျှောက်လှမ်း ခဲ့သူရေ…..
ဖြည်းဖြည်း ညင်သာ ငါ့ အနားတိုးလို့ 
ယုံကြညိမှုတွေနဲ့ အတူ
လက်နှစ်ဖက် ကိုမြဲ မြဲယှက်ထားလှည့်ပါ…..။
နားလည်တတ်တဲ့ အကြင်နာအပြုံးတွေနဲ့ 
ငါ့ခြေလှမ်းတွေ ကိုလဲ ရဲဝင့်စေပါဦး….
အတ္တတွေဖုံးနေပေမယ့်လည်း…
ဒီ စိတ်နှလုံးမှာ…
မင်းအတွက် အကောင်းဆုံး အချစ်တွေရှိတယ်….။
မချိ ပြုံး ပြုံးနေတတ်တဲ့ ဒီနှုတ်ခမ်းပါးမှာ
မင်း လိုအပ်တဲ့ အကြင်နာတွေ ရှိမယ်…။
ဆုံးဖြတ်ချက်မြန် ခဲ့တာ..ဟာ…
ဆုံးဖြတ်ချက် လွယ်ခဲ့တာ မဟုတ်ဘူး…။
ယုံကြည်ပေးပါ…
နေလို တစင်း..
လ လိုတစင်း…
မင်းငါ့ အတွက်လင်းနေသလိုမျိုး…
ဘ၀ တောင်စွယ်မှာ နေ မကွယ်ခင် အထိ
ငါ……….
ဒီ တရက်…ဒီတသက်…
ဒီမြတ်နိုးမှု အတွက်….
နောင်တ မဲ့စွာ………
ရှင်သန်သွားမယ်……..။ ။

;;